မဒါဂတ်စကားသမ္မတနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း အီနာဝိုတိုက်ခိုက်၍ လူငါးဦးသေဆုံးကာ အိုးအိမ်မဲ့သူ တစ်သောင်းကျော်ရှိ

မဒါဂတ်စကားသမ္မတနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း အီနာဝိုတိုက်ခိုက်၍ လူငါးဦးသေဆုံးကာ အိုးအိမ်မဲ့သူ တစ်သောင်းကျော်ရှိ

အန်တန်နာနာရီဗို၊ မတ် ၁၀ ။           ။ မဒါဂတ်စကားသမ္မတနိုင်ငံံမှာ ဆိုင်ကလုန်းမုန်တိုင်း အီနာဝိုတိုက်ခိုက်တာကြောင့် လူငါးဦးသေဆုံးရကာ အိမ်များပျက်စီး၍ အိုးအိမ်မဲ့ဖြစ်သူ ပြည်သူအနည်းဆုံး တစ်သောင်းကျော်ရှိပါတယ်။

ကျွန်းနိုင်ငံမဒါဂတ်စကားရဲ့ အရှေ့မြောက်ပိုင်းကနေ မတ် ၈ ရက်မှာ မုန်တိုင်းဝင်ရောက်တာဖြစ်ပြီး တောင်ပိုင်းကို ဦးတည်ရွှေ့လျားသွားချိန်မှာ မုန်တိုင်းအင်အား လျော့နည်းသွားပါတယ်။ မုန်တိုင်းဒဏ်ကြောင့် နေရာဒေသတစ်ချို့မှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေကြောင်း ဌာနေမီဒီယာများက သတင်းဖော်ပြပါတယ်။

မြို့တော် အန်တန်နာနာရီဗိုအပါအဝင် နေရာအချို့မှာ ရေကြီးမှုတွေ ဖြစ်နိုင်ကြောင်း သဘာဝဘေးစီမံရေးတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဆိုင်ကလုန်းဒဏ်သင့် ပြည်သူတွေကို ယာယီစခန်းတွေ၊ ရေနဲ့ အခြားအခြေခံလိုအပ်ချက်တွေကို အစိုးရနဲ့အတူ အကူအညီပေးရေးအဖွဲ့တွေက ပို့ဆောင်ပေးအပ်လျက်ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly