တောင်ကိုရီးယားသမ္မတအား ဖွဲ့စည်းပုံခုံရုံးက ရာထူးက ထုတ်ပယ်

တောင်ကိုရီးယားသမ္မတအား ဖွဲ့စည်းပုံခုံရုံးက ရာထူးက ထုတ်ပယ်

ဆိုးလ်၊ မတ် ၁၀ ။           ။ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် လွှတ်တော်က အာဏာဖယ်ရှားထားတဲ့ သမ္မတပတ်ဂွန်ဟေးကို ဖွဲ့စည်းပုံခုံရုံးကလည်း ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

ဖွဲ့စည်းပုံခုံရုံးက တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်လိုက်ခြင်းဖြစ်ကာ ရက် ၆၀ အတွင်း သမ္မတသစ်ရွေးကောက်ပွဲ ကျင်းပရတော့မှာဖြစ်ပါတယ်။

ပတ်ဂွန်ဟေးရဲ့ လုပ်ဆောင်ချက်က ဒီမိုကရေစီကို ထိခိုက်စေပြီး ဥပဒေစိုးမိုးရေးကိုလည်း အနှောင့်အယှက်ဖြစ်စေတယ်လို့ ဖွဲ့စည်းပုံခုံရုံး တရားသူကြီးချုပ် လီဂျောင်မီက ဆိုပြီး “သမ္မတ ပတ်ဂွန်ဟေးကို ရာထူးက ဖယ်ရှားပါတယ်။”လို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်တဲ့ ပတ်ဂွန်ဟေးဟာ ပထမဆုံး ရာထူးက ဖယ်ရှားခံရတဲ့ သမ္မတလည်း ဖြစ်တာပဲဖြစ်ပါတယ်။ ပတ်ဂွန်ဟေးအနေနဲ့ သမ္မတ အိမ်ပြာတော်မှ ထွက်ခွာရပြီလည်းဖြစ်ပါတယ်။

ပတ်ဂွန်ဟေးဟာ သူငယ်ချင်းဖြစ်သူ ချောင်ဆောင်စီကို နိုင်ငံရေးရာမှာ ပါ၀င်ခွင့်ပေးပြီး ဥပဒေကို ချိုးဖောက်တဲ့အပြစ်ကျုးလွန်တယ်လို့ ခုံရုံးက ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags