ဆီးရီးယား မြောက်ပိုင်းတွင် မဟာမိတ်ညွှန့်ပေါင်းအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၃ ဦး သေဆုံးဟု စောင့်ကြည့်အဖွဲ့ ပြော

ဆီးရီးယား မြောက်ပိုင်းတွင် မဟာမိတ်ညွှန့်ပေါင်းအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၃ ဦး သေဆုံးဟု စောင့်ကြည့်အဖွဲ့ ပြော

မတ် ၉ ။            ။ ဆီးရီးယားနိုင်ငံမြောက်ပိုင်း ကျေးရွာတစ်ခုတွင် အမေရိကန်ဦးဆောင်သော ညွှန့်ပေါင်းအဖွဲ့ လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်ရသော လေကြောင်းတိုက်ခိုက်မှုအတွင်း လူပေါင်း ၂၃ ဦး သေဆုံးခဲ့ရဟု စောင့်ကြည့်အဖွဲ့တစ်ခုက ပြောသည်။

" ဒီလေကြောင်းတိုက်ခိုက်မှုက အယ်လ်မာတက်ဘ် ဆိုတဲ့ ရွာကို ထိမှန်ခဲ့တာပါ၊ ညွှန့်ပေါင်းမဟာမိတ်အဖွဲ့က လုပ်တာလို့ ယူဆရပါတယ်" ဟု ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်သည့် Rami Abdel Rahman က ပြောသည်။

ကနဦးပိုင်းကမူ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄ ဦး သေဆုံးခဲ့ရသည်ဟု အဆိုပါ အဖွဲ့က ပြောကြားထားခဲ့သည်။

အဆိုပါ ကျေးရွာကို အိုင်အက်စ်တို့ ထိန်းချုပ်ထားသည်ဟု သိရပြီး ယခု သေဆုံးသွားသူများထဲတွင် အမျိုးသမီး ခြောက်ဦး နှင့် ကလေး ရှစ်ဦးတို့လည်း ပါ၀င်သွားကြောင်း သိရသည်။

ယင်း ကျေးရွာမှာ အိုင်အက်စ်တို့၏ အဓိကအခြေစိုက်ရာ Raqa နှင့် ဆက်သွယ်ထားသော လမ်းမကြီးတစ်ခုအနီးတွင် ရှိကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly