အီဘရာဟီမိုဗစ်ကို မေဂျာလိဂ်လစာအများဆုံးဖြစ်လာစေရန် ဂလက်ဇီအသင်း ကမ်းလှမ်းမည်

အီဘရာဟီမိုဗစ်ကို မေဂျာလိဂ်လစာအများဆုံးဖြစ်လာစေရန် ဂလက်ဇီအသင်း ကမ်းလှမ်းမည်

မတ် ၉၊ လော့စ်အိန်ဂျလိစ်။              ။ အယ်လ်အေဂလက်ဇီအသင်းသည် နွေရာသီတွင် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးအီဘရာဟီမိုဗစ်သာ ပြောင်းလာခဲ့ပါက  မေဂျာလိဂ်လစာအများဆုံး ကစားသမားဖြစ်လာစေရန် ပြင်ဆင်နေသည်။

အီဘရာဟီမိုဗစ်သည် ပြီးခဲ့သည့်နွေရာသီကမှ ယူနိုက်တက်သို့ တစ်နှစ်စာချုပ်ဖြင့်ပြောင်းလာခဲ့သူဖြစ်သည်။ အသင်းတွင် ဆက်ကစားရန်အခွင့်ရေးရှိပြီး အသင်းကလည်းသက်တမ်းတိုးရန် ကြိုးစားနေသော်လည်း အသက် ၃၅ နှစ်အရွယ်ကစားသမားမှာ သဘောတူရခြင်းမရှိသေးပေ။

အီဘရာဟီမိုဗစ်သည်လက်ရှိရာသီတွင် ယူနိုက်တက်အတွက် ၂၆ ဂိုးသွင်းပေးထားသည်။ ပြီးခဲ့သည့်စနေနေ့က ဘုန်းမောက်နှင့် တစ်ဂိုးစီသရေကျသည့်ပွဲတွင် ပြိုင်ဘက်နောက်ခံလူကို တံတောင်ဖြင့်တွတ်ခဲ့၍ သုံးပွဲပယ်ခံထားရသည်။

၂၀၁၆ တွင် ဘရာဇီးရှေ့တန်းကစားသမားကာကာသည် အော်လန်ဒိုစီးတီးတွင် တစ်နှစ်လစာ ပေါင် ၅ ဒသမ ၈၉ သန်းဖြင့် လစာ အများဆုံးကစားသမားဖြစ်ထားသည်။

အယ်လ်အေဂလက်ဇီအသင်းသည် ပြီးခဲ့သည့်နှစ်က အင်္ဂလန်ကွင်းလယ်လူဟောင်းဂျရတ်ကို တစ်နှစ်လစာပေါင် ၅ ဒသမ ၀၁ သန်းပေးခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly