အနောက်ဖက်ကမ်းခြေဒေသရှိ လက်နက်မှောင်ခိုဂိုဏ်းကို အစ္စရေးတပ်ဖွဲ့များ ဖြိုခွင်း

အနောက်ဖက်ကမ်းခြေဒေသရှိ လက်နက်မှောင်ခိုဂိုဏ်းကို အစ္စရေးတပ်ဖွဲ့များ ဖြိုခွင်း

အစ္စရေးလုံခြံုရေးတပ်ဖွဲ့တွေဟာ အနောက်ဖက်ကမ်းခြေက လက်နက်မှောင်ခိုဂိုဏ်းတစ်ရပ်ကို ဖြိုခွင်းလိုက်ပါတယ်။

ဒီလက်နက်ဂိုဏ်းဟာ အွန်လိုင်းကတစ်ဆင့် ပြည်ပကနေပြီး လက်နက်ဝယ်ယူနေတာဖြစ်ကြောင်း စစ်တပ်က မတ် ၈ ရက်မှာ ကြေညာပါတယ်။

အောက်တိုဘာနှောင်းပိုင်းကစပြီး ဒီဂိုဏ်းကို အစ္စရေးထောက်လှမ်းရေးက အနီးကပ်စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။ မတ် ရ ရက် ညပိုင်းမှာ အစ္စရေးရဲ၊ စစ်တပ်နဲ့ လုံခြံုရေးအေဂျင်စီတွေ ပူးပေါင်းစစ်ဆင်ရေးနဲ့ ဂိုဏ်းကို ဖြိုခွင်းတာပဲဲဖြစ်ပါတယ်။

ဖြိုခွင်းမှုအတွင်း နာဘလက်စ်မြို့က ဘာလာတာဒုက္ခသည်စခန်းမှ ပါလက်စတိုင်း ကိုးဦးကို ဖမ်းဆီးပြီး M16 နဲ့ ပစ္စတိုကဲ့သို့ လက်နက်အစိတ်အပိုင်းနဲ့ ခဲယမ်းမီးကျောက် ရာပေါင်းများစွာကို သိမ်းဆည်းရမိပါတယ်။

ခုလက်နက်ဂိုဏ်းဟာ အကြမ်းဖက်အဖွဲ့နဲ့ ချိတ်ဆက်ခြင်းမရှိပေမယ့် အစ္စရေိးကု တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အဖွဲ့တွေအတွက် လက်နက်ထောက်ပံ့နေတာဖြစ်ကြောင်း အစ္စရေးလုံခြံုရေးအဖွဲ့က ဆိုပါတယ်။

၂၀၁၇ ခုနှစ် နှစ်စကစပြီး အစ္စရေးမှာ လက်နက်ပေါင်း ၈၄ ခု ဖမ်းဆီးခဲ့ရကာ လက်နက်ထုတ်လုပ်သည့် စက်ရုံအလုပ်ရုံပေါင်း ခုနစ်ခုကို ပိတ်သိမ်းနိုင်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly