နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် Women And Water အနုပညာပြပွဲ

နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် Women And Water အနုပညာပြပွဲ

ရန်ကုန်၊မတ်လ ၈ ရက် ။              ။ ယနေ့ မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် Women And Water ခေါင်းစဉ်နှင့် ပြုလုပ်သည့် အနုပညာပြပွဲတစ်ခုအား မတ်လ ရ ရက်နေ့က ရန်ကုန်မြို့ RiverGallery ၌ ကျင်းပပြုလုပ်ခဲ့သည်။

ယခုပွဲတွင် ပြသထားသော ပုံများသည် မြန်မာနိုင်ငံ၏အလှနှင့် ရေအရင်းအမြစ်ကို ဖော်ဆောင်ထားခြင်း ဖြစ်ပြီး မြစ်များ၊ ရေကန်များတွင် အမျိုးသမီးများ ငါးဖမ်းနေသည့်ပုံများ၊ လှေစီးနေသည့်ပုံများသည်၊ မြန်မာနိုင်ငံ၏ ရေအရင်းအမြစ်ကို အမျိုးသမီးများကပါ စီမံခန့်ခွဲမှု ရှိနေကြောင်း ဖော်ပြမှုဖြစ်သည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IFC)၏ အဖွဲ့ခေါင်းဆောင် KateLazarus ကပြောသည်။

"နိုင်ငံတကာ အမျိုးသမီးများနေ့မှာ အမျိုးသမီးတွေနဲ့ ရေရဲ့အရေးပါတဲ့ အခန်းကဏ္ဍကို ဖော်ပြဖို့အတွက် ပြုလုပ်တာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဒေသခံအမျိုးသမီးတွေကို ထင်ဟပ်စေတဲ့ အနုပညာပြပွဲလုပ်တယ်။ အဓိက,ကတော့ ရှမ်းနဲ့ ကယားပြည်နယ်တွေက အမျိုးသမီးတွေပေါ့ နောက်ပြီးဒေသခံတွေရဲ့ လူနေမှုဘဝတွေ၊ ရေအရင်းမြစ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုမှာ အမျိုးသမီးတွေပါဝင်နိုင်မယ့် အရေးကြီးတဲ့အခန်းကဏ္ဍတွေ၊ နောက်ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ရေအားလျှပ်စစ်ပိုင်းဆိုင်ရာ ကုမ္ပဏီတွေမှာ အမျိုးသမီးတွေအနေနဲ့ ဝန်ထမ်း ဒါမှမဟုတ် စွန့်ဦးတီထွင်သူတွေအနေနဲ့ ပါဝင်နိုင်မယ့် အခန်းကဏ္ဍနဲ့ ပတ်သတ်ပြီးဆွေးနွေးပွဲလုပ်တယ်" ဟု KateLazarus ကပြောသည်။

ယခုပွဲကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IFC နှင့် သြစတေးလျသံရုံးတို့ ပူပေါင်းကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဆွေးနွေးဟောပြောပွဲများ ဓါတ်ပုံနှင့်ပန်းချီပြပွဲများ ပါဝင်သည်။

ယခုကဲ့သို့ အနပညာပြပွဲကို ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ညနေ ၆ နာရီမှ ည ၈ နာရီအထိ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly