ပထမအကျော့ ရလဒ်အတိုင်း အနိုင်ရခဲ့ကြတဲ့ ဘိုင်ယန်နဲ့ ရီးယဲလ်အသင်းတို့ ကွာတားတက်

ပထမအကျော့ ရလဒ်အတိုင်း အနိုင်ရခဲ့ကြတဲ့ ဘိုင်ယန်နဲ့ ရီးယဲလ်အသင်းတို့ ကွာတားတက်
(ဓာတ်ပုံ - အီးပီအေ)

ချန်ပီယံလိဂ် (၁၆)သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ အင်္ဂါနေ့ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရီးယဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့က ပြိုင်ဘက်အသင်းတွေကို ပထမအကျော့ရလဒ်အတိုင်း ထပ်မံအနိုင်ရပြီး နောက်တစ်ဆင့်ကို တက်လှမ်းခဲ့ကြပါတယ်။

နာပိုလီ ၁-၃ ရီးယဲလ်မက်ဒရစ်

နာပိုလီနဲ့ ရီးယဲလ်မက်ဒရစ် အသင်းတို့ရဲ့ ပွဲစဉ်မှာ နာပိုလီအသင်းက ပထမပိုင်းမှာ ၁-၀ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ရီးယဲလ်က  ၃ ဂိုးသွင်းပြီး ပြန်လာခဲ့ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ နာပိုလီ တိုက်စစ်မှူး မာတင်စ်က ကွင်းလယ်လူ ဟမ်ဆစ်ရဲ့ ပေးပို့မှုကတစ်ဆင့် သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ၅၁ မိနစ်မှာ ရီးယဲလ်အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့စ်က ထောင့်ကန်ဘောကစ်ဆင့် တစ်ဂိုးနဲ့ ၅၇ မိနစ်မှာလည်း အလားတူ ထောင့်ကန်ဘောကနေ ရာမို့စ်ကပဲ ခေါင်းတိုက်သွင်းတာကို မာတင်စ်နဲ့ ထိပြီး ဂိုးရရှိခဲ့ပါတယ်။

(၅၇)မိနစ်မှာ ရီးယဲလ်မက်ဒရစ် အသင်းရဲ့ နောက်ခံလူ ရာမို့စ်က ထောင့်ကန်ဘောကတစ်ဆင့် ခေါင်းတိုက်ဂိုး(၂)ဂိုး သွင်းယူသွားခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်း ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

နာကျင်အချိန်ပို ၉၁ မိနစ်အရောက်မှာ စီရော်နယ်လ်ဒိုရဲ့ ကန်သွင်းချက်ကို နာပိုလီ ဂိုးသမား ရီနာ ကာကွယ်နိုင်ခဲ့ပေမယ့် နောက်ကနေ ပြေးဝင်လာတဲ့ တိုက်စစ်မှူး မိုရာတာက ပိတ်သွင်းပြီး ရီးယဲလ်မက်ဒရစ်အသင်းတို့ (၃-၁)နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အာဆင်နယ် ၁-၅ ဘိုင်ယန်မြူးနစ်

အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ ပွဲမှာတော့ အာဆင်နယ်က ပွဲချိန်မိနစ် ၂၀ မှာ ဝေါလ်ကော့ရဲ့ သွင်းဂိုးနဲ့ ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ၅၄ မိနစ်မှာ နောက်ခံလူ ကိုစီယဲလ်နီ အနီကတ်နဲ့ ထုတ်ပယ်ခဲ့ရပြီး ပင်နယ်တီး ပေးလိုက်ရပါတယ်။ ပင်နယ်တီကို လီဝန်ဒေါစကီးက ပွဲချိန် ၅၅မိနစ်မှာ ကန်သွင်းခဲ့ပါတယ်။

ဘိုင်ယန်အတွက် နောက်ထပ်ဂိုးတွေကိုတော့ ရော်ဘင် ၆၈ မိနစ်၊ ဒေါက်ဂလပ်စ်ကော်စတာ ရ၈ မိနစ်၊ ဗီဒယ်လ် ၈၀၊ ၈၅ မိနစ်တို့မှာ ထပ်မံသွင်းယူခဲ့ပြီး ဘိုင်ယန်တို့ ပထမအကျော့ရလဒ်အတိုင်း အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags