လောက်ကိုင်မြို့ တိုက်ပွဲများကြောင့် မြန်မာနယ်စပ်မှ ဒေသခံထောင်ပေါင်းများစွာ တရုတ်နိုင်ငံထဲ ထွက်ပြေး

လောက်ကိုင်မြို့ တိုက်ပွဲများကြောင့် မြန်မာနယ်စပ်မှ ဒေသခံထောင်ပေါင်းများစွာ တရုတ်နိုင်ငံထဲ ထွက်ပြေး
လောက်ကိုင်မြို့၊ ဟိုတယ်တစ်ခုရှေ့တွင် တွေ့ရသော MNDAA လက်နက်ကိုင်အဖွဲ့မှ စစ်သားတစ်ဦး (၂၀၀၉)

မြန်မာ-တရုတ် နယ်စပ်ရှိ လောက်ကိုင်မြို့၌ MNDAA လက်နက်ကိုင်အဖွဲ့နှင့် အစိုးရစစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လူ ၃၀ ကျော် သေဆုံးခဲ့ပြီးနောက် ယခုအခါ လူထောင်ပေါင်းများစွာလည်း ယင်းမြို့မှ တဆင့် တရုတ်နိုင်ငံထဲ ထွက်ပြေးသွားခဲ့ကြသည်ဟု သိရသည်။

၂၀၁၅ ခုနှစ်က အဆိုပါ ကိုးကန့်ဒေသအတွင်း တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လူပေါင်းများစွာ သေဆုံးကာ ထောင်ပေါင်းများစွာလည်း တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိထားခဲ့သည်။

ယခု ဖြစ်ပွားသောနေရာမှာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှိနေပြီး ယင်းဒေသမှာပြီးခဲ့သည့် နိုဝင်ဘာနောက်ပိုင်းကတည်းက အစိုးရစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များအကြား မကြာခဏဆိုသလို ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုများ ရှိထားခဲ့ပြီး ဖြစ်သည်။

ယခင် ၂၀၁၅ ခုနှစ်ကလည်း နေအိမ်စွန့်ခွာထွက်ပြေးကြရသူ အလုံးအရင်းဖြင့် တရုတ်နိုင်ငံတွင်းသို့ ၀င်ရောက်ခဲ့မှုကြောင့် ပေကျင်းအစိုးရနှင့်အကြား တင်းမာမှုများ မြင့်တက်ခဲ့ရသည်။

မတ်လ ရ ရက်က ထုတ်ပြန်ချက်တစ်ခု၌ ကိုးကန့်ဒေသရှိ လောက်ကိုင်မြို့မှ သူပုန်များကို တိုက်ရာတွင် လက်နက်ကြီးများ အသုံးပြုခဲ့ရကြောင်း အစိုးရစစ်တပ်က ပြောသွားသည်။

MNDAA အဖွဲ့မှ အဖွဲ့ဝင်များမှာ လောက်ကိုင်မြို့ကို ထိန်းချုပ်ရန် ကြိုးပမ်းချက် မအောင်မြင်ခဲ့ကြောင်း တပ်မတော်ဘက်က ပြောခဲ့ပြီး မြို့တွင်းဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် အရပ်သားများသေဆုံးခဲ့မှု အပြင် တပ်မတော်ဘက်မှလည်း ကျဆုံးမှုများရှိခဲ့သည်ဟု သိရသည်။

အမည်မဖော်လိုသူ တပ်မတော်သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ခန့်မှန်းခြေအားဖြင့် ဒေသခံ ပေါင်း ရ,၀၀၀ ခန့် တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးသွားကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly