အမျိုးသမီး တင်းနစ် ကမ္ဘာ့နံပါတ် ၁ နေရာတွင် ဆရီနာဝီလျံ ဆက်လက် ရပ်တည်

အမျိုးသမီး တင်းနစ် ကမ္ဘာ့နံပါတ် ၁ နေရာတွင် ဆရီနာဝီလျံ ဆက်လက် ရပ်တည်
(ဓာတ်ပုံ - အီးပီအေ)

အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံဟာ တနင်္လနေ့က အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTA)က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များမှာ ရမှတ် ရ,၇၈၀ နဲ့ ထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်နေပါတယ်။

ယခု ထုတ်ပြန်ခဲ့တဲ့ စာရင်းများအရ ပြီးခဲ့တဲ့ တပတ်က အဆင့်သတ်မှတ်ချက် ရမှတ်များနဲ့ ကွာခြားချက် သိပ်မရှိတာကို တွေ့ရပါတယ်။

ဂျာမန် တင်းနစ်မယ် အန်ဂျလီကေး ခါဘာက ရမှတ် ရ,၄၀၅ နဲ့ ဒုတိယနေရာမှာ ရှိနေပြီး ချက်တင်းနစ်မယ် ပလစ်ဆကိုဗာက ရမှတ် ၅,၆၄၀ နဲ့ တတိယမှာ ရပ်တည်နေပါတယ်။

လက်ရှိ WTP (အမျိုးသမီး) အဆင့်များနှင့် ရမှတ်များ

၁) ဆရီနာဝီလျံ (အမေရိကန်) ရမှတ် ရ၇၈၀
၂) အန်ဂျလီကေး ခါဘာ (ဂျာမနီ) ရမှတ် ရ၄၀၅
၃) ပလစ်ဆကိုဗာ (ချက်) ၅၆၄၀
၄) ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) ၅၁၇၂
၅) ဒိုမီနီကာ ဆက်ဘလူးကိုဗာ (ဆလိုဗက်ကီးယား) ၅၀၇၅
၆) ရစ်ဝမ်စ်ကာ (ပိုလန်) ၄၆၇၀
၇) မူဂူရူဇာ (စပိန်) ၄၅၈၅
၈) ကက်ခ်နက်ဇီဗာ (ရုရှား) ၃၉၁၅
၉)  မာဒီဆန် ကီးစ် (အမေရိကန်) ၃၈၉၇
၁၀) အလီနား ဆဗစ်တိုလီနား (ယူကရိန်း) ၃၇၉၅

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly