၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျဒေါ်လာတန်ဘိုး စင်ကာပူဒေါ်လာ တန်ဘိုးအောက်လျော့ကျ

၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျဒေါ်လာတန်ဘိုး စင်ကာပူဒေါ်လာ တန်ဘိုးအောက်လျော့ကျ

စင်ကာပူ၊ ဇူလိုင် ၂၇ ။    ။ သြစတြေးလျဒေါ်လာ၏ တန်ဘိုးသည် ယခုနှစ် ဇူလိုင် ၂၇ ရက်နေ့ နံနက်က ၂၀၀၂ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စင်ကာပူဒေါ်လာတန်ဘိုး ၏အောက်သို့ရောက်ရှိခဲ့ သည်။

ဇူလိုင် ၂၇ရက်နေ့ နံနက် ၁၁နာရီ ၂၀မိနစ်အချိန်က သြစတြေးလျ တစ်ဒေါ်လာသည် စင်ကာပူဒေါ်လာ ဝဒသမ၉၉၈၁ သာဝယ်ယူနိုင်သည်။မကြာသေးမီလများအတွင်း သြစတြေးလျ၏ ကုန်စည်များအပေါ် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားလျော့ကျမှု၊ စိတ်ပျက်ဖွယ် စီးပွားရေးဆိုင်ရာအချက်အလက်များကြောင့် တစ်ချိန်က အားကောင်းခဲ့သော သြစတြေးလျဒေါ်လာမှာ အားပျော့သွားခဲ့ခြင်းဖြစ်သည်။

၁၅လအတွင်း တရုတ်ထုတ်လုပ်မှုမှာ မမျှော်လင့်ဘဲ အနိမ့်ဆုံးသို့ကျသွားစဉ် သြစတြေးလျဒေါ်လာမှာ အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက အားအပျော့ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။

တရုတ်၏ ထုတ်လုပ်မှုကျဆင်းခြင်းက သြစတြေးလျဒေါ်လာ အားနည်းခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။ သြစတြေးလျ၏ သတ္တုတွင်းနှင့် စိုက်ပျိုးရေးကဏ္ဍများက နိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အဓိကပါဝင်လျက်ရှိပြီး ယင်းထုတ်ကုန်များကို အဓိကအားဖြင့် အရှေ့အာရှဈေးကွက်သို့ တင်ပို့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly