ဒူတာတေးအမိန့်ဖြင့် လူ ၂၀၀ နီပါးအထိ သတ်ဖြတ်ခဲ့ဟု ရဲဝန်ထမ်းဟောင်းပြော

ဒူတာတေးအမိန့်ဖြင့် လူ ၂၀၀ နီပါးအထိ သတ်ဖြတ်ခဲ့ဟု ရဲဝန်ထမ်းဟောင်းပြော

မနီလာ၊ မတ် ၆ ။             ။ လက်ရှိဖိလစ်ပိုင်သမ္မတ ဒူတာတေး ဒါဗာအိုမြို့တော်ဝန်ဘဝက အမိန့်ပေးစေခိုင်းခြင်းကြောင့် လူ ၂၀၀ နီးပါးအထိ သတ်ဖြတ်ခဲ့ကြောင်း ရဲဝန်ထမ်းဟောင်းတစ်ဦးက မတ် ၆ ရက်မှာ ဝန်ခံပြောကြားပါတယ်။

ဒူတာတေး ဦးစီးပြီး ဖွဲ့စည်းတည်ထောင်ထားတဲ့ သေမင်းတမန်တပ်ဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ခုလို လူ ၂၀၀ နီးပါးကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၆ ဒီဇင်ဘာအထိ အမျိုးသားရဲတပ်ဖွဲ့ဝင်အေဂျင့်အဖြစ် တာဝန်ထမ်းခဲ့သူ အာတူရိုလက်စ်ကာနက်စ်က လွှတ်တော်ကြားနာစစ်ဆေးမှုမှာ ခုလို ဝန်ခံပြောတာဖြစ်ပါတယ်။ ဒါဗာအိုမြို့အတွင်းမှာ တရားမဲ့သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး လွှတ်တော်စစ်မေးမှုမှာ အာတူရိုက သူဟာ ဒူတာတေးရဲ့ လက်ရုံးတစ်ဖက်အနေနဲ့ တာဝန်ထမ်းခဲ့ရသူဖြစ်တယ်လို့ ထွက်ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အာတူရိုက တရားမဲ့သတ်ဖြတ်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူဟာ ဒူတာတေးဖြစ်တယ်ဆိုပြီး လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အကြာက လွှတ်တော်မှာ စွဲချက်တင်လာခဲ့တာဖြစ်ပါတယ်။

မတ် ၆ ရက် လွှတ်တော်ကြားနာမှုမှာ အာတူရိုက ၎င်းအနေနဲ့ ၂၀၁၅ ခုနှစ်အထိတိုင်အောင် လူ ၃၀၀ ကျော်အထိ သတ်ဖြတ်ခဲ့ကြောင်း၊ အနည်းဆုံး ၂၀၀ ခန့်မှာ သေမင်းတမန်တပ်ဖွဲ့ဝင်အနေဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုပါတယ်။

ရုပ်သံမှာ တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့ အာတူရိုရဲ့ ထွက်ဆိုမှုမှာ အသတ်ခံရတဲ့သူတွေရဲ့ စာရင်းအတိအကျရှိသလားဆိုတဲ့အပေါ်မှာတော့ ငြင်းဆန်ပေမယ့် ခုလိုသတ်ဖြတ်မှုတွေကို ဒူတာတေးရဲ့ ညွှန်ကြားချက်အတိုင်း ကျုးလွန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတ ဒူတာတေးဟာ လူဦးရေ ၁ ဒဿမ ၅ သန်းရှိတဲ့ တောင်ပိုင်းဒါဗာအိုမြို့ရဲ့ မြို့တော်ဝန်အဖြစ် ၁၉၈၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း သုံးကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

ဒူတာတေးမြို့တော်ဝန်လက်ထက်မှာ ဒါဗာအိုမြို့ဟာ အလျင်အမြန်ခေတ်မီဖွံ့ဖြိုးလာတာကို တွေ့ရပြီး ရာဇဝတ်မှုတွေလည်း ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် တရားမဲ့သတ်ဖြတ်ခြင်းတေါ ၁၀၀၀ ကျော်ထက်မနည်းဖြစ်ပွားတယ်လို့ ဆန့်ကျင်သူတွေက စွပ်စွဲထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly