ဖိလစ်ပိုင်အစိုးရ၏ မူးယစ်ဆေးဝါး နှိမ်နင်းမှု စစ်ဆင်ရေး တစ်ကျော့ပြန် ပြန်စ

ဖိလစ်ပိုင်အစိုးရ၏ မူးယစ်ဆေးဝါး နှိမ်နင်းမှု စစ်ဆင်ရေး တစ်ကျော့ပြန် ပြန်စ

မတ် ၆ ။                ။ နိုင်ငံတွင် မူးယစ်ဆေးဝါး ဖြိုခွင်းနှိမ်နင်းမှု စစ်ဆင်ရေးကို ပြန်လည်စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်းနှင့် ယခင်အမှားများကို သင်ခန်းစာယူကာ ယခုတစ်ကြိမ်တွင် သွေးထွက်သံယို အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်မည်ဟု ဖိလစ်ပိုင်ရဲချုပ်က ပြောဆိုလိုက်သည်။

ယခု တစ်ကြိမ် မူးယစ်ဖြိုခွင်းမှု တွင် သွေးထွက်သံယို မရှိဟု မဆိုလိုသော်လည်း တတ်နိုင်သမျှ သေဆုံးထိခိုက်မှု မရှိစေရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့ PNP က မတ်လ ၆ ရက်တွင် ပြောကြားသွားသည်။

ယင်းစစ်ဆင်ရေး ပြန်စမှု ဆိုင်ရာ မိန့်ခွန်းတစ်ရပ် ပြောဆိုရာတွင် PNP အကြီးအကဲ ရဲချုပ် ရော်နယ်ဒယ်လာရိုဆာက ယခု မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့ကို လက်ရွေးစင်ရဲများဖြင့် ဖွဲ့စည်း ထားခြင်း   ဖြစ်ကြောင်း ပြောကြားသွားသည်။

နိုင်ငံတွင် လူသေဆုံးမှုများပြားခဲ့ပြီး နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်ခံထားရသော မူးယစ်နှိမ်နင်းရေးစစ်ပွဲကို သမ္မတ ရိုဒရီဂို ဒူတာတေးက ရပ်ဆိုင်းထားခဲ့ပြီးနောက် တစ်လအကြာတွင် ယခုတစ်ကြိမ်   ပြန်စလာခဲ့ခြင်းလည်း ဖြစ်သည်။

ယခင်တစ်ကြိမ် နှိမ်နင်းမှုများအတွင်းက သံသယရှိ မူးယစ်ဆေးရောင်းသူ၊၀ယ်သူ ရ,၀၀၀ ကျော် သေဆုံးခဲ့ရသည်ဟုလည်း သိရသည်။

၂၀၁၆ ခုနှစ် ဇူလိုင်လက ယင်း စစ်ဆင်ရေး စတင်လုပ်ဆောင်ပြီးနောက်ပိုင်း ပြည်တွင်း၊ပြည်ပ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ စုံစမ်းစစ်ဆေးမှု များနှင့်လည်း တွေ့ကြံုထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly