အဘူဆေယက်ဖ် စစ်သွေးကြွများရဲ့ ခေါင်းဖြတ်သတ်ခံရတဲ့ ဂျာမနီဓားစာခံ၏ ရုပ်အလောင်းအား တွေ့ရှိ

အဘူဆေယက်ဖ် စစ်သွေးကြွများရဲ့ ခေါင်းဖြတ်သတ်ခံရတဲ့ ဂျာမနီဓားစာခံ၏ ရုပ်အလောင်းအား တွေ့ရှိ

မနီလာ၊ မတ် ၆ ။                   ။ အိုင်အက်စ်အဖွဲ့ကို သစ္စာခံထားသော အဘူဆေယက်ဖ်အဖွဲ့ရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ ဂျာမနီဓားစာခံဖြစ်သူရဲ့ ဦးခေါင်းမဲ့ရုပ်အလောင်းကို ဖိလစ်ပိုင်စစ်တပ်က ရှာဖွေတွေ့ရှိပါတယ်။

ဂျာမနီ ဓားစာခံဖြစ်သူ Juergen Kantner အတွက် ပြန်ပေးငွေမရတာကြောင့် ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက အဘူဆေယက်ဖ်တွေက သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

မနီလာမြို့က တောင်ပိုင်း ကီလိုမီတာ ၉၆၀ အကွာက စစ်သွေးကြွအဘူဆေယက်ဖ်တွေရဲ့ အမာခံနယ်မြေဖြစ်တဲ့ ဂျိုရိုကျွန်းမှာ Kantner ရဲ့ ရုပ်အလောင်းကို လုံခြံုရေးတပ်တွေက မတ် ၅ ရက်နေ့လယ်ပိုင်းမှာ တွေ့ရှိခဲ့တာပါ။

ရုပ်အလောင်းကို ရင်ခွဲရုံ ပို့ဆောင်ထားပြီးကြောင်း ဗိုလ်မှူး ဆိုဘီဂျာနာက ပြောပြီး နောက်ပိုင်းမှာ ဂျာမနီနိုင်ငံကို ပို့ဆောင်ပေးမှာဖြစ်တယ်လို့ ဖြည့်စွက်ဆိုပါတယ်။

ခုသတ်ဖြတ်မှုအတွက် လက်သည်တရားခံတွေကို အပြစ်ပေးနိုင်ရေး အာဏာပိုင်များက လုပ်ဆောင်လျက်ရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ အဘီလာက ပြောပါတယ်။

အသက် ရ၀ ရှိတဲ့ Kantner သတ်ဖြတ်ခံရပြီးနောက်ပိုင်းမှာ ဂျိုရိုဒေသတွင်း လုံခြံုရေးတပ်ဖွဲ့တွေနဲ့ အဘူဆေယက်ဖ်တွေ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး စစ်သွေးကြွ ၁၅ ဦးကို သုတ်သင်နိုင်ကာ လုံခြံုရေးတပ်သား ၂၉ ဦး ဒဏ်ရာရကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly