လီဗာပူးလ်တိုက်စစ်မှူး စတာရစ်ချ်ကို ပီအက်စ်ဂျီအသင်း ကမ်းလှမ်းဖွယ်ရှိ

လီဗာပူးလ်တိုက်စစ်မှူး စတာရစ်ချ်ကို ပီအက်စ်ဂျီအသင်း ကမ်းလှမ်းဖွယ်ရှိ

မတ် ၅၊ ပဲရစ်။             ။ ပီအက်စ်ဂျီအသင်းသည် လီဗာပူးလ်တိုက်စစ်မှူးစတာရစ်ချ်ကိုကမ်းလှမ်းရန်အဆင်သင့်ဖြစ်နေသည်။ အငှားဖြင့်သာကမ်းလှမ်းလို ခြင်းဖြစ်ပြီး ဒဏ်ရာနှင့်ဖျားနာခြင်းများကြောင့် လက်ရှိရာသီတွင် ၁၄ ပွဲသာကစားထားရသောကြောင့်ဖြစ်သည်။

လီဗာပူးလ်အသင်းသည်လည်း အသက် ၂၇ နှစ်အရွယ်တိုက်စစ်မှူး၏ပွဲကစားချိန်နည်းပါးမှုကြောင့် စိတ်ပျက်လာပြီး ရာသီကုန်တွင် ပေါင်သန်း ၃၀ ဝန်းကျင်ဈေးသတ်မှတ်ကာ ကမ်းလှမ်းမှုများကိုနားစွင့်ဖွယ်ရှိသည်။

ဝက်စ်ဟမ်းနှင့်စတုခ်စီးတီးအသင်းတို့သည် အင်္ဂလန်နိုင်ငံတွင်အကောင်းဆုံး အဆုံးသတ်သမားတစ်ဦးဖြစ်လာမည်ဟု တစ်ချိန်ကမျှော်မှန်းခံရသော ယင်းတိုက်စစ်မှူးကို ခေါ်ယူချင်သည့် နှစ်သင်းတည်းသော ပရီးမီးယားလိဂ်ကလပ်များဖြစ်သည်။

ဥရောပတွင်အောင်မြင်မှုရလိုသော ပီအက်စ်ဂျီအသင်းသည် စတာရစ်ချ်ကြံ့ခိုင်မှုကောင်းနေပါက အသင်း၏ရည်မှန်းချက်များကို အင်အားဖြစ်စေလိမ့်မည်ဟု ယုံကြည်နေသည်။

ဝက်စ်ဟမ်းအသင်းသည်လည်း ဒဏ်ရာများကြောင့်ပွဲကစားချိန်နည်းပါးနေသည့် တိုက်စစ်မှူး ကာရိုးလ်ကိုရောင်းချရန်ပြင်ဆင် နေပြီး ယင်းနေရာတွင်အစားထိုးရန် စတာရစ်ချ်ကို ခေါ်ယူချင်နေခြင်းဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly