အီဘရာဟီမိုဗစ်နှင့် တိုင်ရွန်မင်းစ်တို့ သုံးပွဲပယ်ပြစ်ဒဏ်နှင့် ရင်ဆိုင်ရဖွယ်ရှိ

အီဘရာဟီမိုဗစ်နှင့် တိုင်ရွန်မင်းစ်တို့ သုံးပွဲပယ်ပြစ်ဒဏ်နှင့် ရင်ဆိုင်ရဖွယ်ရှိ

မတ် ၅၊ မန်ချက်စတာ။             ။ မန်ချက်စတာယူနိုက်တက်အသင်း၏ ဂိုးအများဆုံးတိုက်စစ်မှူး အီဘရာဟီမိုဗစ်နှင့် ဘုန်းမောက်မှ တိုင်ရွန်မင်းစ်တို့သည် အိုးထရက်ဖို့ဒ်ကွင်းမှ အကျည်းတန်သည့်ဖြစ်ရပ်ကြောင့် သုံးပွဲပယ်ပြစ်ဒဏ်နှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

ပွဲချိန် ပထမပိုင်း ပြီးကာနီးတွင် လဲကျနေသော အီဘရာဟီမိုဗစ်၏ ဦးခေါင်းကို မင်းစ်က တက်နင်းခဲ့သည့် ပုံပေါ်လွင်ခဲ့ပြီး သိပ်မကြာမီ ထောင့်ကန်ဘောတွင် ခေါင်းခုန်တိုက်ရင်း အီဘရာဟီမိုဗစ်က တံတောင်ဖြင့် ရိုက်သည့်ပုံပေါ်လွင်ခဲ့ပြန်ကာ မင်းစ်မှာ မိနစ်အနည်း ငယ်ခန့်မျှ ဆေးကုသမှု ခံယူခဲ့ရသည်။

အီဘရာဟီမိုဗစ်ပင်နယ်တီလွဲချော်ပြီး တစ်ဂိုးစီသရေကျခဲ့သည့် ယင်းပွဲတွင် နှစ်ဦးစလုံး၏ လုပ်ရပ်ကို ကွင်းလယ်ဒိုင် ကီဗင်ဖရန့်က အပြစ်ပေးခဲ့ခြင်း မရှိသော်လည်း အက်ဖ်အေအနေဖြင့် စွဲချက်တင်ရန် ဗီဒီယိုသက်သေ ပြန်လည်ကြည့်ရှုဖွယ် ရှိနေသည်။

အကယ်၍ သုံးပွဲပယ်ခံရပါက အီဘရာဟီမိုဗစ်အနေဖြင့် ချယ်လ်ဆီးနှင့် ကစားရမည့် အက်ဖ်အေဖလားကွာတား၊ ဝက်စ်ဘရွန်း၊ မစ်ဒယ်ဘရော့တို့နှင့် ကစားရမည့် ပရီးမီးယားလိဂ်ပွဲတို့ကို လွဲဖွယ်ရှိနေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly