ချယ်လ်ဆီးကိုစွန့်ခွာဖြစ်လျှင် အီတလီသို့ပြောင်းမည်မဟုတ်ဟု နည်းပြကွန်တီဆို

ချယ်လ်ဆီးကိုစွန့်ခွာဖြစ်လျှင် အီတလီသို့ပြောင်းမည်မဟုတ်ဟု နည်းပြကွန်တီဆို

မတ် ၅၊ လန်ဒန်။      ။ ချယ်လ်ဆီးမှ ထွက်ခွာဖြစ်လျှင် အီတလီသို့ ပြန်မည်မဟုတ်ဘဲ အခြားတစ်နေရာသို့သာ ပြောင်းရွှေ့မည်ဖြစ်ကြောင်း နည်းပြကွန်တီ က ပြောသည်။

အမိမြေအီတလီမှ အင်တာမီလန်အသင်းသို့ ပြောင်းဖွယ်ရှိသည်ဟု အလွန်အမင်း သတင်းထွက်နေသော်လည်း ကွန်တီက အခြား နိုင်ငံများသို့သာ ပြောင်းရွှေ့ချင်နေသည်။

“ကျွန်တော်ကတော့ မတူညီတဲ့နိုင်ငံတွေမှာ ခြားနားတဲ့အတွေ့အကြုံတွေရှာဖို့ပဲ စိတ်ကူးရှိပါတယ်။ အဲဒီလို အတွေ့အကြုံတွေရှာရတာ တကယ်ကောင်းတယ်လို့ ထင်ပါတယ်။

ဘောလုံးသမားဘဝက လက်ချီနဲ့ ဂျူဗင်တပ်တို့မှာပဲ ကစားခဲ့ရပါတယ်။ အခုဆိုရင်တော့ ကျွန်တော်ဟာ အင်္ဂလန်က အံ့မခန်းလိဂ် တစ်ခုမှာ အခုလို အတွေ့အကြုံကောင်းတစ်ခုကို ရနေပါပြီ”ဟု ကွန်တီက ဆိုသည်။

သို့သော် အီတလီမှ မိသားစုနှင့် ဝေးနေရသည်မှာမူ မလွယ်ကူဟု ကွန်တီကဝန်ခံသည်။ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် ချယ်လ်ဆီးအသင်း အလွန်နီးစပ်နေခြင်းနှင့် အတူ အသင်းပိုင်ရှင်အေဘရာမိုဗစ်သည် ရာသီကုန်တွင် ကွန်တီကို စာချုပ်သစ် ကမ်းလှမ်းဖွယ်ရှိနေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly