ဆမ်ဆောင်းဆက်ခံသူကို လာမည့်သီတင်းပတ်တွင် အကျင့်ပျက်ခြစားမှုဖြင့် စစ်ဆေးကြားနာမည်

ဆမ်ဆောင်းဆက်ခံသူကို လာမည့်သီတင်းပတ်တွင် အကျင့်ပျက်ခြစားမှုဖြင့် စစ်ဆေးကြားနာမည်

ဆိုးလ်၊ မတ် ၄ ။              ။ ဆမ်းဆောင်းအမွေဆက်ခံသူ အပါအအဝင် တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးနဲ့ပတ်သက်တဲ့ အကျင့်ပျက်ခြစားမှုကို လာမယ့် မတ် ၉ ရက်မှာ ပထမဆုံးစတင် ရုံးတင်ကြားနာမှာ   ဖြစ်ကြောင်း တောင်ကိုရီးယားမီဒီယာက မတ် ၃ရက်မှာ ဖော်ပြပါတယ်။

ဆမ်ဆောင်းဒုတိယဥက္ကဌဖြစ်သူ လီဂျေယောင်းကို ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။ လီဂျေယောင်းဟာ သမ္မတ ပတ်ဂွန်ဟေးရဲ့ လူယုံဖြစ်သူ ကိုရီးယားရက်စပူတင်လို့ လူသိများတဲ့ နတ်ဆရာမ ချောင်ဆွန်စီကို ငွေကြေးလှုဒါန်းတယ်ဆိုပြီး စွပ်စွဲခံထားရတာဖြစ်ပါတယ်။

ဆမ်ဆောင်းရုံးခွဲနှစ်ရပ် ပူးပေါင်းရေးဆိုတဲ့ အငြင်းပွားဖွယ်ကိစ္စရပ်မှာ အစိုးရရဲ့ ထောက်ခံမှုရဖို့အပါအဝင် အစိုးရဌာနဆိုင်ရာရဲ့ မျက်နှာသာပေးရဖို့အတွက် အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ လီဂျေယောင်းဟာ
ချောင်ဆွန်စီကို အမေရိကန်ဒေါ်လာ ၃၈ သန်းနီးပါး လှုဒါန်းခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွဲဆိုထားပါတယ်။

လီဂျေယောင်းကို လာဘ်ပေးလာဘ်ယူမှု၊ မလျော်မကန်ပြုမူမှုနဲ့ ပြည်ပပိုင်ဆိုင်မှုအာမခံအက်ဆက်တွေ ဖုံးကွယ်မှု စတဲ့ပြစ်မှုတွေနဲ့ ဆိုးလ်ဗဟိုခရိုင်တရားရုံးမှာ မတ် ၉ ရက်မှာ စစ်ဆေးကြားနာသွားမှာ   ဖြစ်ပါတယ်။

ဒါ့အပြင် လီဂျေယောင်းနဲ့အတူ အခြားဆမ်ဆောင်းထိပ်တန်းတာဝန်ရှိသူလေးဦးကိုလည်း စစ်ဆေးကြားနာသွားမှာဖြစ်ပါတယ်။

လီဂျေယောင်းဟာ ပြီးခဲ့တဲ့သုံးနှစ်လောက်က ဖခင်ဖြစ်သူ လီကွန်ဟီး နှလုံးရောဂါခံစားရပြီးနောက်ပိုင်း ဆမ်ဆောင်းကုမ္ပဏီကို ဦးစီးလည်ပတ်နေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly