ဂျာမနီနှင့် တူနီရှားတို့အကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခု ရရှိ

ဂျာမနီနှင့် တူနီရှားတို့အကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခု ရရှိ

မတ် ၄ ။                  ။ နှစ်နိုင်ငံအကြား တရားမဝင် ရွှေ့ပြောင်းသွားလာမှု ထိန်းချုပ်ကိုင်တွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခု ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဂျာမနီ နှင့် တူနီရှားအစိုးရတို့ ထုတ်ပြန်ကြေညာသွားခဲ့သည်။ တူနီရှားသို့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျယ်လာ မာကယ်လ် အလည်အပတ်ခရီးရောက်ရှိနေစဉ် ယခုသဘောတူညီချက်ကို ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။

လူအမြောက်အမြားသေဆုံးစေခဲ့သည့် ဘာလင်ခရစ်စမတ်ဈေးတစ်ခု ထရပ်ကားဖြင့် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင်  တူနီရှားနိုင်ငံသားတစ်ဦး ကျူးလွန်ထားခဲ့မှုကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများ ရှိခဲ့ပြီး နောက် ယခုသဘောတူညီချက်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

"ခုသဘောတူညီချက်က တူနီရှား၊ ဂျာမနီ နှစ်နိုင်ငံစလုံးကို ကျေနပ်အားရစေပါလိမ့်မယ်" ဟု တူနီးရှား သမ္မတ ဘက်ဂျီကက်ဒ် အက်ဘ်စီ က ကြေညာသွားသည်။

ယခုအခါ နိုင်ငံရေးခိုလှုံခွင့်ပယ်ချခံထားရသည့် တူနီးရှားနိုင်ငံသားများကို မြန်မြန်ဆန်ဆန် မိခင်နိုင်ငံဆီ ပြန်ပို့ပေးရေးအစီအစဉ်များနှင့်အတူ တူနီးရှားနိုင်ငံသားများအတွက် အလုပ်အကိုင်   လေ့ကျင့်သင်ကြားပေးမှုများ လုပ်ဆောင်ပေးရေးအချက်တို့ ယခုသဘောတူညီချက်တွင် ပါဝင်သည်ဟု သိရသည်။

" တူနီရှား နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတွေရဲ့ လိုအပ်နေတဲ့အထောက်အထားတွေနဲ့ပတ်သက်လို့ ရက်သုံးဆယ်အတွင်း ပြေလည်အောင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်၊ ဒါ့အပြင် မှတ်ပုံတင်စနစ်တစ်ခု တူနီရှားတို့ ထူထောင်လုပ်ကိုင်ရာမှာ ကျွန်မတို့ ကူညီပေးသွားဦးမှာပါ" “ဟု ဂျာမနီ အကြီးအကဲက ပြောသွားသည်။

ဂျာမနီတွင် နိုင်ငံရေးခိုလှုံခွင့် ပယ်ချခံထားရသူ နိုင်ငံသားများကိုလည်း နိုင်ငံသို့ ပြန်ခေါ်သွားရန် တူနီရှားအစိုးရက သဘောတူညီခဲ့ကြောင်း ၎င်းက ပြောသွားသေးသည်။

တစ်ချိန်တည်းတွင် တူနီရှားတို့အတွက် ဖွံ့ဖြိုးရေးအကူအညီ ယူရို သန်း ၂၅၀ ခွင့်ပြုပေးသွားမည်ဟုလည်း ၎င်းက ကြေညာသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags