ငြိမ်းချမ်းရေး အခက်အခဲနှင့် ရင်ဆိုင်နေရသော်လည်း ဆက်လက် ချီတက်ရန် တိုက်တွန်း

ငြိမ်းချမ်းရေး အခက်အခဲနှင့် ရင်ဆိုင်နေရသော်လည်း ဆက်လက် ချီတက်ရန် တိုက်တွန်း

ချင်းမိုင်၊ မတ်လ ၄ ။             ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ခေါင်းဆောင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မတ်လ ၄ ရက်က စတင်ကျင်းပနေပြီဖြစ်သည်။

NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၈ ဖွဲ့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)နှင့် PPWT လုပ်ငန်းညှိနှိုင်းအစည်းအဝေး (မူကြမ်း) ခေါင်းစဉ်ဖြင့် ကျင်းပသောဆွေးနွေးပွဲ၌ သဘာပတိ အဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ် မူတူးစေးဖူးက ဆောင်ရွက်ခဲ့ရာ ၎င်းးပြောကြားသည့် မိန့်ခွန်းကို   ကောက်နှုတ်တင်ပြ လိုက်ရသည်။

“ကျနော်တို့ ငြိမ်းချမ်းရေးကို ချီတက်တဲ့နေရာမှာ ဒီနေ့ဒီအဆင့်ထိ ရောက်လာကြပြီဆိုတာ အားလုံး နားလည်ကြတယ်။ သဘောပေါက်ကြပြီလို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ အချိန်ကြာလာ သည်နှင့်အမျှ ကျနော်တို့ရဲ့ တိုက်ပွဲဟာ အခက်အခက် မျိုးစုံနဲ့ ကျနော်တို့ ရင်ဆိုင်နေရပါတယ်။ လက်ရှိ အခြေအနေမှာ ကျနော်တို့ ဆက်သွားတဲ့နေရာမှာ အားလုံးသိတဲ့အတိုင်း ကျနော်တို့ရဲ့ လက်ရှိ အခြေအနေဟာ ပွဲဟာ ကြမ်းသထက် ကြမ်းလာသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် NCA လက်မှတ်ထိုးတဲ့ ကျနော်တို့ ၈ ဖွဲ့ဟာ NCAရဲ့ စာချုပ်အတိုင်း ကျွန်တော်တို့ ဆက်ပြီးတော့ ချီတက်နေကြတယ်ဆိုတာ အားလုံး သိနေကြပါတယ်။ ချီတက်တဲ့နေရာမှာ အစီအစဉ်ရှိရှိ ကျနော်တို့ ရင်ဆိုင်နေရတဲ့ ယဉ်ယဉ်ကျေးကျေး ဝေါဟာရ တခုနဲ့ပဲ ကျနော်သုံးသွားချင်တယ်” ဟု ဌ ဗိုလ်ချုပ် မူတူးစေးဖူးက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၈ ဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေးတွင် ဆက်လက် ချီတက်နိုင်ရန်အတွက် စိတ်ရှည်ရှည် အမြင်ကျယ်ကျယ်နှင့် ရှေ့ဆက် ချီတက်ရမည့် အခြေအနေ အမျိုးမျိုးကို   ကျော်လွှားဖြတ်သန်းနိုင်ရန် အရေးကြီးကြောင်း ဗိုလ်ချုပ် မူတူးစေးဖူးက ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိ ငြိမ်းချမ်းရေးတွင် ဆက်လက် တက်လှမ်းနိုင်ရန်အတွက် ယနေ့ပြုလုပ်သည့် အစည်းအဝေးအစီအစဉ်များအတိုင်း တဆင့်ပြီးတဆင့် ပွင့်ပွင်းလင်းလင်း တပေါင်းတစည်းတည်း   ဆွေးနွေးကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။

“ဒီနေ့ အဂျင်တာ အစီအစဉ်အရ ကျနော်တို့တဆင့်ပြီးတဆင့် လက်ရှိ အခြေအနေ အပါအဝင် Agenda အရ တဆင့်ပြီးတဆင့် ရိုးရိုးသားသားနဲ့ ကျနော်တို့ ပွင့်ပွင့်လင်းလင်းနဲ့ ကျနော်တို့ တပေါင်းတစည်း တည်း ကျနော်တို့ ၈ ဖွဲ့ ဆက်လက်တက်နိုင်ဖို့အတွက် ကျနော်တို့ ဆွေးနွေးပြီးတော့ ချီးတက်ဖို့လိုအပ်တဲ့အပေါ်မှာ Agendaအတိုင်း ကျနော်တို့ တဆင့်ပြီးတဆင့် ပွင့်ပွင့်လင်းလင်း ကျွန်တော်တို့ ညှိကြပြီး ကျနော်တို့ တက်နိုင်ဖို့   ဆွေးနွေးကြပါလို့” ၎င်းက တိုက်တွန်းထားသည်။

ထိုအစည်းအဝေးတွင် လက်ရှိ နိုင်ငံရေး အခြေအနေများဖြစ်သော ဝ ပြည်သွေးစည်ညီညွတ်ရေးပါတီ (UWSP)၊ ညီညွတ်သော တိုင်းရင်းသားလူမျုးိများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဦးဆောင် လှုပ်ရှားမှုနှင့် အလားအလာ၊ ၂၁ ရာစုပင်လုံ ညီလာခံ ဒုတိယအစည်းအဝေးအလားအလာတို့ကို သုံးသပ်ကြမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် နှင့် ၁၁ ရက်နေ့များတွင် ကရင်ပြည်နယ်၊ လောခီးလာစခန်း၌ ကျင်းပခဲ့သော PPST အရေးပေါ်အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်ခြင်း၊ UPDJC၊ JMCနှင့် အခြားအစီရင်ခံစာများ တင်သွင်းခြင်း၊ မေးမြန်းပြင်ဆင် ဖြည့်စွက်ခြင်း အတည်ပြုခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

ထို့ပြင် EAOs, PPST အဖွဲ့ဝင်များ၏ NCA အကောင်အထည်ဖော်မှု အခြေအနေ၊ ဒေသ ဖွံ့ဖြိုးရေး၊ ရေးပေါ် အကူအညီများနှင့် ရှေ့လုပ်ငန်းစဉ်များ ဖြစ်သော မဟာဗျူဟာ အတည်ပြုခြင်း၊ TOR အတည်ပြု ချင်း၊ PPST ၏ ချင်းမိုင်(ဇင်းမယ်ရုံးနှင့် ရန်ကုန်ရုံးကိစ္စစသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။

အစည်းအဝေးကို မတ်လ ၄ ရက်မှ ၆ ရက်ထိ သုံးရက်ကြာကျင်းပမည် ဖြစ်ပြီး NCA လက်မှတ်ထိုးထားသော အဖွဲ့အစည်း ၈ ဖွဲ့မှ ခေါင်းဆောင်များ အပါအဝင် စုစုပေါင်း ၂၀ ကျော် တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလက ယခင်အစိုးရနှင့် NCA လက်မှတ်ရေးထိုးခဲ့သော ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်ပြည်လည် ထူထောင်ရေးကောင်စီ(RCSS)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တသ်စတပ်ဦး (ABSDF)၊ ကရင်အမျိးသား အစည်းအရုံး(ငြိမ်းချမ်းရေးကောင်စီ)-(KNU-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly