လစ်ဗျားကမ်းလွန်တွင် ရွှေ့ပြောင်းဝင်ရောက်သူ တစ်ထောင်နီးပါးကို အီတလီကမ်းခြေစောင့်အဖွဲ့ ကယ်တင်

လစ်ဗျားကမ်းလွန်တွင် ရွှေ့ပြောင်းဝင်ရောက်သူ တစ်ထောင်နီးပါးကို အီတလီကမ်းခြေစောင့်အဖွဲ့ ကယ်တင်

ထရီပိုလီ၊ မတ် ၄ ။       ။ မြေထဲပင်လယ်ကို ဖြတ်ပြီး ဥရောပသို့ ရွှေ့ပြောင်းဝင်ရောက်သူဦးရေ မြင့်တက်နေစဉ်မှာ အီတလီကမ်းခြေစောင့်တပ်က လစ်ဗျားကမ်းလွန်မှာ ရွှေ့ပြောင်းဝင်ရောက်သူ ၉၇၀ ခန့်ကို မတ် ၂ ရက်နေ့က ကယ်တင်လိုက်ရပါတယ်။

ခုကယ်တင်မှု မတိုင်ခင်က အီတလီကမ်းခြေတွေကို ယခုနှစ်အတွင်း ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းသူအရေအတွက်ဟာ ၁၃၄၀၀ ကျော်ထက်မနည်းရှိတာကြောင့် ၂၀၁၆ နဲ့ ၂၀၁၅ ခုနှစ်တွေကနဲ့   နှိုင်းယှဉ်ရင် ၅၀ က ၇၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာတာပဲဖြစ်ပါတယ်။

ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း ဆောင်းတွင်းကာလ ပင်လယ်မှာ ရာသီဥတုဆိုးဝါးစဉ် လစ်ဗျားကမ်းလွန်ကိုဖြတ်ပြီး ရွှေ့ပြောင်းဝင်ရောက်သူတွေမှာ ၄၄၀ ကျော်ထက်မနည်း   သေဆုံးပျောက်ဆုံး ကြကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

အီးယူနယ်ခြားစောင့်အေဂျင်စီ Frontex ရဲ့အမိန့်နဲ့ နော်ဝေသင်္ဘောတစ်စီးနဲ့အတူ ကယ်ဆယ်ရေးကို ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ကြောင်း အီတလီကမ်းခြေစောင့်တပ်က ပြောပါတယ်။ လူသားချင်း စာနာထောက်ထားရေး အကူအညီပေးရေးအဖွဲ့ရဲ့ သင်္ဘောနှစ်စီးလည်း ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့ပါတယ်။

လစ်ဗျားမှာ အာဏာရှင်ကဒါဖီ ပြုတ်ကျပြီး ခြောက်နှစ်ရှိပြီဖြစ်ပေမယ့် မတည်မငြိမ်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲပဲဖြစ်ကာ လစ်ဗျားနိုင်ငံက ဥရောပသို့ ရွှေ့ပြောင်းဝင်ရောက်သူ ဦးရေကလည်း   မြင့်မားလျက်ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags