ဒီမိုကရက်တစ်ပါတီက ရုရှနဲ့ ချိတ်ဆက်မှုရှိဟု ဒေါ်နယ်ထရမ့်က ပြန်လည်စွပ်စွဲ

ဒီမိုကရက်တစ်ပါတီက ရုရှနဲ့ ချိတ်ဆက်မှုရှိဟု ဒေါ်နယ်ထရမ့်က ပြန်လည်စွပ်စွဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းရဲ့ ရှေ့နေချုပ်ဖြစ်သူ ရုရှနဲ့ ချိတ်ဆက်ပတ်သက်မှုနဲ့ စစ်ဆေးခံရချိန်မှာ ဒီမိုကရက်တစ်ပါတီဟာ ရုရှနဲ့ ချိတ်ဆက်နှီးနွှယ်နေတယ်လို့ ပြန်လည်စွပ်စွဲလိုက်ပါတယ်။

ဆီးနိတ်ဒီမိုကရက်တစ်လူနည်းစုခေါင်းဆောင် ချက်ရှင်းမားကို ရုရှနဲ့ ချိတ်ဆက်ပြီး သမ္မတဖြစ်သူ ဗလာဒီမာပူတင်နဲ့ ပတ်သက်စပ်ဆက်နေလို့ ချက်ချင်းစစ်ဆေးဖို့ တွစ်တာမှာ ထရမ့်က   ရေးသားတိုက်တွန်းလိုက်တာပါ။

ပူတင်နဲ့အတူ တွဲရိုက်ထားတဲ့ ချက်ရှင်းမားရဲ့ ဓာတ်ပုံကို ဖော်ပြပြီး သီလကြောင် ကြောင်သူတော်တစ်ဦးဖြစ်တယ်ဆိုပြီး ထရမ့်က ရေးသားပါတယ်။

ဓာတ်ပုံဟာ ၂၀၀၃ ခုနှစ် စက်တင်ဘာအတွင်းက ပုံဖြစ်ပြီး ရုရှ Lukoil ကုမ္ပဏီပိုင် ဓာတ်ငွေ့ဆိုင်တစ်ဆိုင်မှာ ရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ်။

ဆီးနိတ်အမတ် ချက်ရှင်းမားက ဒေါ်နယ်ထရမ့်ရဲ့ ရေးသားမှုကို တွစ်တာကနေ ချက်ချင်းတုံ့ပြန်ပြီး ဒီကိစ္စက သူ့အတွက် ပြဿနာမဟုတ်ကြောင်း တုံ့ပြန်ပါတယ်။

ထရမ့်ခန့်အပ်တဲ့ ရှေ့နေချုပ်ဖြစ်သူ ဂျက်ဖ်ဆက်ရှင်ကို ရုရှနဲ့ ပတ်သက်မှုနဲ့ စစ်ဆေးနေတဲ့အချိန် ထရမ့်က ခုလိုဒီမိုကရက်တစ်ပါတီကို တန်ပြန်စွပ်စွဲလိုက်တာဖြစ်ပါတယ်။

ထရမ့်ရဲ့ ရွေးကောက်ပွဲမဲဆွယ်မှုမှာ အကြံပေးလုပ်ခဲ့တဲ့ ဂျက်ဖ်ဆက်ရှင်ဟာ အမေရိကန်ရွေးကောက်ပွဲမတိုင်မီ ဝါရှင်တန်မှာ ရုရှသံအမတ်ကြီးနဲ့ နှစ်ကြိမ်တိုင်တွေ့ခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲမှာ ရုရှက ကြားဝင်နှောင့်ယှက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags