အနီကတ်ပြစ်ဒဏ်ကြောင့် ရီးယဲလ်ကွင်းလယ်လူ ဘေးလ် (၂) ပွဲပယ်ခံရ

အနီကတ်ပြစ်ဒဏ်ကြောင့် ရီးယဲလ်ကွင်းလယ်လူ ဘေးလ် (၂) ပွဲပယ်ခံရ

ဗုဒ္ဓဟူးနေ့က လက်စ်ပါမားစ်အသင်းကို ၃-၃ဂိုးနဲ့ သရေကျတဲ့ပွဲမှာ အနီကတ်နဲ့ ထုတ်ပယ်ခံရတဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ ဂါရတ်ဘေးလ်ဟာ ၂ ပွဲပယ် ပြစ်ဒဏ်ကျခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမားက ဒုတိယပိုင်း အစောပိုင်းမှာ ပြိုင်ဘက်ကစားသမား ဂျောနသန်ဗီယာကို တိုက်ခိုက်ခဲ့တာကြေင့်  နှစ်ဝါတစ်နီနဲ့ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဘေးလ်ဟာ လာလီဂါပွဲစဉ်တွေဖြစ်တဲ့ စနေနေ့မှာ အီဘာ (အဝေး)ပွဲနဲ့ မတ် ၁၂ ရက် အိမ်ကွင်းမှာ ရီးယဲလ်ဘက်တစ်ပွဲတို့ကိုလွှဲချော်မှာဖြစ်ပါတယ်။

အမှတ်ပေးဇယားမှာ တစ်ပွဲလျော့နဲ့ ဒုတိယနေရာက ရီးယဲလ်ဟာ အယူခံဝင်သွားဖို့ အခုထိ ကြေညာထားခြင်း မရှိသေးပါဘူး။

ဘေးလ်ယဟာ ဒဏ်ရာကြောင့် ၃ လကြာ အနားယူထားရာမှ ဖေဖော်ဝါရီလမှာ ပြန်လည်ပွဲထွက်လာတဲ့နောက်ပိုင်း အသင်းအတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူး စီရော်နယ်လ်ဒိုအနေနဲ့လည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမရှိတဲ့ ဒဏ်ရာကြောင့် စနေနေ့ အီဘာနဲ့ လိဂ်ပွဲစဉ်ကို လွဲချော်မယ်လို့ သိရပါတယ်။

Ref; BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly