ရခိုင်ဒေသထွက် ငရုတ်အား ဥရောပနိုင်ငံများသို့ တင်ပို့မည်

ရခိုင်ဒေသထွက် ငရုတ်အား ဥရောပနိုင်ငံများသို့ တင်ပို့မည်

စစ်တွေ၊ မတ်လ ၂ ရက်။             ။ ရခိုင်ဒေသထွက် ငရုတ်များအား သီရိလင်္ကာဈေးကွက်မှတစ်ဆင့် ဥရောပနိုင်ငံများသို့ တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (ရခိုင်အသင်းခွဲ) မှ သိရသည်။

ရခိုင်ဒေသထွက် ငရုတ်ကို သီရိလင်္ကာမှ ဝယ်ယူရန်အတွက် သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကို တိုက်ရိုက် ကမ်းလှမ်းလာခဲ့ခြင်းဖြစ်ပြီး တောင်သူများအနေဖြင့် ဝယ်ယူမည့်သူများထံ တိုက်ရိုက်ရောင်းချနိုင်မည် ဖြစ်ကာ ဈေးနူန်းများကို ကြိုတင်သတ်မှတ်ထားခြင်း မရှိကြောင်း အသင်း၏ ဥက္ကဋ္ဌ ဦးချစ်မြက ပြောသည်။

“ဒီနှစ်ဆောင်းမှာ စိုက်ပျိုးတဲ့ ငရုတ်တွေက သဘာဝနည်းလမ်းနဲ့ စိုက်ပျိုးတာမဟုတ်တဲ့အတွက် အများအပြားတော့ မဝယ်ယူဘူး ဆိုတာတော့ သိရပါတယ်၊ နောင်နှစ် ငရုတ်ထွက်တဲ့ ဆောင်းသီးနှံအချိန်မှာ အများအပြားဝယ်ယူသွားမှာ ဖြစ်ပြီး သူတို့နိုင်ငံက တစ်ဆင့် ဥရောပနိုင်ငံဈေးကွက်တွေကို ပို့သွားမှာပါ။”

ငရုတ်များ ဝယ်ယူရာတွင် သဘာဝကျကျ စိုက်ပျိုးထားသော၊ ဓါတ်မြေသြဇာနှင့် ဓါတုရောနှော မပါရှိသည့် ငရုတ်များကို ဝယ်ယူမည်ဖြစ်ပြီး ကနဦးအနေဖြင့် တန်ချိန် ရှစ်ထောင်မှ တစ်သောင်းဝန်းကျင်ခန့် စတင် စမ်းသပ် တင်ပို့နိုင်ရန် အသင်းမှ စီစဉ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly