အနီကတ်ပြခံခဲ့ရပြီးနောက် ရီးယဲလ်မက်ဒရစ်ကို ပြန်လည်တောင်းပန်ခဲ့တဲ့ ဘေးလ်

အနီကတ်ပြခံခဲ့ရပြီးနောက် ရီးယဲလ်မက်ဒရစ်ကို ပြန်လည်တောင်းပန်ခဲ့တဲ့ ဘေးလ်
(ဓာတ်ပုံ - အီးပီအေ)

ဗုဒ္ဓဟူးနေ့ညက လက်စ်ပါမားစ်အသင်းနဲ့ စိတ်လှုပ်ရှားဖွယ် သရေကျခဲ့တဲ့ပွဲမှာ အနီကတ်နဲ့ ထုတ်ပယ်ခံရတဲ့ ဂါရက်ဘေးလ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းအပေါ် ပြန်လည်တောင်းပန်သွားခဲ့တယ်လို့ နည်းပြ ဇီဒန်းက ပြောပါတယ်။

ရီးယဲလ်က လက်စ်ပါမားစ်အသင်းကို အိမ်ကွင်း စန်တီယာဂိုဘာနေဗျူးမှာ ၃-၃ ဂိုးနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဘေးလ်ဟာ ဒုတိယပိုင်း အစောပိုင်းမှာတင် နှစ်ဝါတစ်နီနဲ့ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဘေးလ် အထုတ်ခဲ့ရပြီးနောက် နှစ်မိနစ်အတွင်းမှာ ရီးယဲလ်က နှစ်ဂိုးပေးလိုက်ရတာကြောင့် လက်စ်ပါမားစ်က ၃-၁ ဂိုးနဲ့ ဦးဆောင်နေခဲ့ပေမယ့် ပွဲပြီးဖို့ ၄ မိနစ်အတွင်း စီရော်နယ်လ်ဒိုရဲ့ ချေပဂိုးနှစ်ဂိုးကြောင့် သရေကျခဲ့ပါတယ်။

ဘေးလ်ရဲ့ အနီကတ်အပြခံရတာနဲ့ ပတ်သက်လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ နည်းပြ ဇီဒန်းက "သူက အသင်းအပေါ် ပြန်လည် တောင်းပန်ခဲ့ရပါတယ်။ ထုတ်ပယ်ခံရလို့ သူမပျော်ရွှင်ဘဲ ဖြစ်နေပါတယ်။"လို့ ပြောပါတယ်။

"ဒါဟာ ပွဲတစ်ပွဲမှာ ဖြစ်တတ်တဲ့အရာဖြစ်ပြီး ကျနော်တို့ ပြောင်းလဲပစ်လု့ိရနိုင်တဲ့ အရာမဟုတ်ပါဘူး"လို့ နည်းပြ ဇီဒန်းက ပြောဆိုခဲ့ပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly