စစ်သွေးကြွများလက်မှ ဂျာမန် ဓားစာခံကို ကယ်တင်မပေးနိုင်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိဟု ဖိလစ်ပိုင် သမ္မတ ဆို

စစ်သွေးကြွများလက်မှ ဂျာမန် ဓားစာခံကို ကယ်တင်မပေးနိုင်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိဟု ဖိလစ်ပိုင် သမ္မတ ဆို

ဖေဖော်ဝါရီ ၂၈ ။            ။ ဂျာမန် ဓားစာခံတစ်ဦးကို အဘူဆေယက်ဖ် စစ်သွေးကြွများက ခေါင်းဖြတ်သတ်ဖြတ်လိုက်ပြီးနောက် ၎င်းအား ကယ်တင်မပေးနိုင်ခဲ့သည့်အပေါ် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက တောင်းပန်စကားဆိုသွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ဂျာမန် ဓားစာခံကို အစ္စလမ္မစ် စစ်သွေးကြွများက ယမန်နေ့က ခေါင်းဖြတ်သတ်ဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။

အသက် ၇၀ အရွယ် ဂျာမန်ဓားစာခံ ဂျာဂန် ကန်နာ အတွက် စစ်သွေးကြွများက ပြန်ရွေးငွေ ပီဆို သန်း ၃၀ (ဒေါ်လာ ခြောက်သိန်း) တောင်းခဲ့သော်လည်း ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့ပြီးနောက်   ခေါင်းဖြတ်ကွပ်မျက်လိုက်ခြင်းလည်း ဖြစ်သည်။

ယခုအခါ ဓားစာခံ ကန်နာ သေဆုံးသွားခြင်းအတွက် လွန်စွာ စိတ်မကောင်းမိကြောင်း ဒူတာတေးက ကန်နာ၏ မိသားစုနှင့်အတူ ဂျာမနီအစိုးရကိုပါ ရည်ညွှန်းပြောဆိုပေးသွားခဲ့သည်။

ဖိလစ်ပိုင်စစ်တပ်အနေဖြင့် ကန်နာကို ကယ်ဆယ်နိုင်ရန် အပြင်းအထန်လိုက်လံကြိုးစားပေးခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဒူတာတေးက ပြောသွားသည်။

" ကျွန်တော်တို့ အကောင်းဆုံးတော့ လုပ်ခဲ့ပါတယ်၊ ဒါပေမယ့် အထမမြောက်ခဲ့ဘူးပေါ့ဗျာ၊ ခုလို ဖြစ်သွားပေမယ့် စစ်သွေးကြွတွေကို လိုက်လံချေမှုန်းမယ့်စစ်ဆင်ရေးကိုတော့ ဆက်လုပ်သွားမှာပါ" ဟု ဒူတာတေးက သတင်းထောက်များကို ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly