ချီလီတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီးနောက် လူပေါင်း လေးသန်းခန့် သောက်သုံးရေပြတ်လပ်

ချီလီတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီးနောက် လူပေါင်း လေးသန်းခန့် သောက်သုံးရေပြတ်လပ်

ဖေဖော်ဝါရီ ၂၇ ။               ။ ချီလီနိုင်ငံတွင် ပြီးခဲ့သည့် ရက်များအတွင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုများကြောင့် သေဆုံးသူ လေးဦးထက်မနည်း ရှိခဲ့သကဲ့သို့ ယခုအခါ လူပေါင်း   လေးသန်းခန့်မှာလည်း  သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရေကြီးမှုကြောင့် အဓိကမြစ်မှ မြစ်ရေများလည်း ညစ်ညမ်းခဲ့ပြီးနောက် ယခုအခါ အာဏာပိုင်များက မြို့တော် ဆန်တီယာဂိုရှိ ပြည်သူလေးသန်းနီးပါးခန့်ကို သောက်သုံးရေ ဖြန့်ဖြူးပေးဝေနိုင်ခြင်း မရှိတော့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် စနေနေ့က စတင်ခဲ့သော မိုးကြောင့် ရွှံ့ပြိုမှု နှင့် နုံးများက မိုင်ပိုမြစ်ကို ညစ်ညမ်းစေခဲ့ကြောင်း သိရသည်။ အဆိုပါ မြစ်ရေဖြင့် မြို့တော်ရှိ နေအိမ်အများစုကို   သောက်သုံးရေ   ဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။

" ခုချိန်မှာတော့ ရေပေးဝေးနေတာကို ရပ်ထားရတော့မှာပါ၊ ဒီအကြောင်းကို နေအိမ်ပေါင်း ၁ သန်းခွဲလောက်ကို အကြောင်းကြားနေရပါတယ်" ဟု ဒေသအုပ်ချုပ်ရေးမှူး ကလော်ဒီယို အော်ရီဂူးက   ပြောသွားသည်။

ရေပေးဝေမှု ရပ်ဆိုင်းသွားခြင်းကြောင့် လူပေါင်း ၆ သန်းခွဲ ရှိသော မြို့၏  လူဦးရေ ၆၀ ရာခိုင်နှုန်းဖြစ်သော လူ ၃ ဒသမ ၉ သန်းခန့် ရေပြတ်တောက်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။

ယခုအခါ ယင်းထိခိုက်ခံ ပြည်သူများမှာ အာဏာပိုင်များက စီစဉ်ပေးလာမည့် အရေးပေါ် ရေဘုံဘိုင်များဆီသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ရေပုံးများ၊ ဗူးများဖြင့် သွားရောက်ယူငင်နေကြရလျက် ရှိသည်။ တစ်ချိန်တည်းတွင်မှာလည်း စူပါမားကတ်များမှ သောက်ရေဗူးများကို သွားရောက်ဝယ်ယူသူဦးရေလည်း များပြားနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags