လာလီဂါ ပင်နယ်တီ သွင်းဂိုးအများဆုံးစံချိန်ကို စီရော်နယ်လ်ဒို ရိုက်ချိုး

လာလီဂါ ပင်နယ်တီ သွင်းဂိုးအများဆုံးစံချိန်ကို စီရော်နယ်လ်ဒို ရိုက်ချိုး

ခရစ်တီယာနို စီရော်နယ်လ်ဒိုဟာ ရီးယဲလ်မက်ဒရစ်အသင်းက ဗီလာရီးယဲလ်အသင်းကို အဝေးကွင်းမှာ ၃-၂ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ပင်နယ်တီကနေတဆင့် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် စပိန်လာလီဂါသမိုင်းမှာ ထာဝရ ပင်နယ်တီ သွင်းဂိုးအများဆုံးအဖြစ် ၅၇ ဂိုးနဲ့ စံချိန်သစ်ရှင်ဖြစ်လာခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ဇန်နဝါရီ ၁၅ ရက်နေ့က ရီးယဲလ်က ဆီဗီလာကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပင်နယ်တီ တစ်လုံး သွင်းယူခဲ့ပြီး မက်ဒရစ်ရဲ့ ဂန္တဝင်ကစားသမား ဟူဂိုဆန်းချက်ဇ်ရဲ့ ၅၆ ဂိုးနဲ့ တူညီသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုချိန်မှာ စီရော်နယ်လ်ဒိုဟာ တနင်္ဂနွေညက တိုနီခရူး ကန်သွင်းရာမှာ ဘရူနိုရဲ့ လက်နဲ့ထိသလိုရှိတဲ့ အငြင်းပွားဖွယ် ပင်နယ်တီကို ကန်သွင်းပြီး ပင်နယ်တီ သွင်းဂိုးအများဆုံး စံချိန်တင်ခဲ့ပါတယ်။

ဘာစီလိုနာ စူပါစတား လီယွန်မက်ဆီဟာ ပင်နယ်တီ ၄၃ ဂိုးနဲ့ အဆင့် ၅ နေရာမှာရှိနေပြီး လူဘိုစ်လပ်ပီးနယ် ၄၄ ဂိုးနဲ့ ရော်နယ်လ်ကိုးမန်း ၄၅ ဂိုးတို့ကို လိုက်မီဖို့ ရှိနေပေမယ့် စီရော်နယ်လ်ဒိုနဲ့ ခပ်ဝေးဝေးမှာ ရှိနေသေးပါတယ်။

စီရော်နယ်လ်ဒိုရဲ့ ၅၇ ကြိမ်မြောက် ပင်နယ်တီသွင်းဂိုးဟာ ဒီရာသီ လာလီဂါမှာ ၎င်းရဲ့ ၅ ဂိုးမြောက် ပင်နယ်တီဂိုးဖြစ်ပြီး လိဂ်ဂိုး အများဆုံးနေရာမှာ သွင်းဂိုး ၁၆ ဂိုးနဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly