ကသာတွင် ဘိန်းဖြူဂရမ် ၁၀၀၀ ကျော်နှင့့် WY ၄၀၀၀ ဖမ်းဆီးရမိ

ကသာတွင် ဘိန်းဖြူဂရမ် ၁၀၀၀ ကျော်နှင့့် WY ၄၀၀၀ ဖမ်းဆီးရမိ
ဓာတ်ပုံ- MOI

ဖေဖော်ဝါရီ ၂၅ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် လမ်းခွကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းက ဘိန်းဖြူ ဂရမ် ၁၀၀၀ ကျော်နှင့် WY အပြား ၄၀၀၀ တို့အား ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးမှ ထုတ်ပြန်သည်။

မူးယစ်ဆေးဝါးသတင်းအရ ကသာ-အင်းတော် သွားကားလမ်း လမ်းခွကျေးရွာအနီး (၈)မိုင်တွင် ကသာမြို့မှ အင်းတော်မြို့သို့ ကားလမ်းအတိုင်း မောင်းနှင်လာသော FEILING 125 အစိမ်းရောင်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဘိန်းဖြူမှုန့် ၁၁ ဂရမ်စီပါ ဆပ်ပြာခွက် ၁ဝ၁ ခွက် မှ စုစုပေါင်းအလေးချိန် ၁၁၁၁ ဂရမ် (ကာလတန်ဖိုး ကျပ် ၁၁၁၁ သိန်း) နှင့် ၊ WY ဆေးပြား ၂ဝဝ စီပါ အထုပ် ၂ဝ ၊ စုစုပေါင်းဆေးပြား ၄ဝဝဝ (ကာလတန်ဖိုး ကျပ်သိန်း ၂ဝဝ) ၊ စုစုပေါင်း ငွေကျပ် ၁၃၁၁ သိန်း တန်ကြေးရှိ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးများသယ်ဆောင်လာသူ ထွန်းရင် (၄ဝ နှစ် )ကန့်ကော်ရွာ ဗန်းမောက်မြို့နယ်နေသူအား ကသာမြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly