လာဟိုးမြို့ပေါက်ကွဲမှုမှာ ဓာတ်ငွေ့ယိုစိမ့်ခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲခြင်းမဟုတ်ကြောင်း ပါကစ္စတန်ပြောကြား

လာဟိုးမြို့ပေါက်ကွဲမှုမှာ ဓာတ်ငွေ့ယိုစိမ့်ခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲခြင်းမဟုတ်ကြောင်း ပါကစ္စတန်ပြောကြား

ပါကစ္စတန်ရှိ လာဟိုးမြို့တွင်ဖြစ်ပွားခဲ့သောလူ၇ဦးကိုသေဆုံးစေခဲ့ပြီးအများအပြားကိုဒဏ်ရာရထိတ်လန့်စေခဲ့ သည့်ပေါက်ကွဲမှုသည် ကနီးဦးက ရဲများထုတ်ပြန်သလို ဗုံးပေါက်ကွဲခဲ့ခြင်း မဟုတ်ဘဲ ဓာတ်ငွေ့ယိုစိမ့်ခြင်းသာ ဖြစ်သည်ဟု အာဏာပိုင်များက ယနေ့ သောကြာနေ့တွင် ပြောခဲ့သည်။

ခရိုင်မြို့တော် လာဟိုးတွင် ပြီးခဲ့သော ကြာသာပတေးနေ့က ဖြစ်ခဲ့သောပေါက်ကွဲမှုသည် ယခုလအတွင်း ပါကစ္စတန် နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသော အသေခ ံဗုံးဖောက်ခွဲမှုများနှင့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် စိုးရိမ်မှုများ ကိုပေါ်ပေါက်စေခဲ့သည်။

ကနေဦးကရဲအရာရှိများသည် မြို့အရှေ့ဘက်ခြမ်းရှိတန်ဖိုးကြီးပစ္စည်းများရောင်းချရာနေရာတွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုသည်ဗုံးခွဲတိုက်ခိုက်မှုဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း   ကောလဟာလများနှင့်ခန့်မှန်းချက် များကြားတွင် အာဏာပိုင်များကသူတို့၏တွေ့ရှိချက်များကိုပြန်လည်ပြင်ဆင်ကာ ယနေ့သောကြာနေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

“မနေ့က ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဟာ မတော်တဆဖြစ်ရပ်တစ်ခုပါ။ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မဟုတ်ပါဘူး” ဟု ပန်ဂျပ်ပြည်နယ် ဥပေဒရေးရာဝန်ကြီး ရာနာဆာနော်လာ က ပြောခဲ့သည်။

“အခင်းဖြစ်ပွားရာ နေရာမှယိုစိမ့်နေခဲ့သော ဓာတ်ငွေ့ဘူးတွေကို တွေ့ရှိခဲ့ရပါတယ်။ ကျနော်တို့ ဒီနေ့မနက်မှာ မှုခင်း အစီရင်ခံစာရရှိခဲ့ပြီး ရလာဒ်များနှင့်ကောက်ချက်ချမှုအရ  ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့်ဆက်နွယ်နေ သောအရာဝတ္ထုများကိုမတွေ့ခဲ့ရပါဘူး”ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags