သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်း ၏ ဇုန် “B” တည်ဆောက်ခြင်းဖွင့်ပွဲပြုလုပ်

သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်း ၏ ဇုန် “B” တည်ဆောက်ခြင်းဖွင့်ပွဲပြုလုပ်
ဓာတ်ပုံ-သက်ကို(မဇ္ဈိမ)

ဖေဖော်ဝါရီ ၂၄ ။             ။ သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်း ၏ ဒုတိယမြောက်ဇုန်သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်း ၏ ဇုန် “B” တည်ဆောက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့၊ နံနက်၉ နာရီက ဖွင့့််လှစ်ခဲ့သည်။

ဇုန် “B” ဖွင့်ပွဲကို ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်နှင့် ဂျပန်သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များလည်း တက်ရောက် ဖွင့်လှစ်ခဲ့ကြသည်။

ဇုန် “B” တွင်  ဟက်တာ (၇၀၀) ကျယ်ဝန်း ဖြစ်ပြီး ဇုန် “B” ၏ ပထမအပိုင်းအနေနဲ့  ၁၀၁ ဟက်တာ ကိုစတင်မှာဖြစ်သည်။ ဇုန် “B” ကို တည်ဆောက်ချိန် အနေဖြင့် တစ်နှစ်ခွဲ ကြာမြင့်မည် ဖြစ်သည်။   မြေနေရာများကို ၂၀၁၇ ခုနှစ်နှောင်းပိုင်းလောက်ကတည်းက ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ငှားရမ်းနိုင်မည်ဖြစ်သည်။

“ဇုန် “B” မပြီးခင်တော့ ရင်းနှီးမြှုပ်နှံသူတွေ စတင်လက်ခံနိုင်မှာဖြစ်ပါတယ်။ အခုလောလောဆယ်မှာ ကတည်းက ဇုန် “B” မစခင်ကတည်းက လာပြီးတော့ဝင်မယ်ဆိုတဲ့ ရင်းနှီးမြှုပ်နှံသူ တော်တော်များများ ဆက်သွယ်ထားပြီးဖြစ်ပါတယ်” ဟု သီလဝါအထူးစီးပွားရေးဇုန်၊ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောသည်။

ယခုအခါ သီလဝါအထူးစီးပွားရေးဇုန်ကတစ်ဆင့် လာရောက်ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၀၅၅ သန်းရှိပြီး ဇုန် “B” ဆောက်လုပ်ပြီးစီးပါက အလုပ်ကိုင်အခွင့်လမ်းပေါင်း ၄၀,၀၀၀ ကျော် ဖန်တီးပေးနိုင်မည် ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် သီလဝါအထူးစီးပွားရေး ဇုန် “A” သည် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၈ ခုရှိကာ၂၄ ခုသည် ယခုချိန်တွင် ၎င်းတို့၏ စက်ရုံများ၊ ကုန်ထုတ်လုပ်ခြင်းနှင့် ထောက်ပံ့ရေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly