ပြင်သစ် သမ္မတကိုယ်စားလှယ်လောင်း၏ မဲဆွယ်ပွဲ အပေါ်ပိုင်းဗလာကျင်း အမျိုးသမီးတစ်ဦး ၀င်ရောက်နှောင့်ယှက်

ပြင်သစ် သမ္မတကိုယ်စားလှယ်လောင်း၏ မဲဆွယ်ပွဲ အပေါ်ပိုင်းဗလာကျင်း အမျိုးသမီးတစ်ဦး ၀င်ရောက်နှောင့်ယှက်

ဖေဖော်ဝါရီ ၂၄ ။                 ။ ပြင်သစ် သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် Marine Le Pen ၏ မဲဆွယ်မိန့်ခွန်း ပြောကြားပွဲ အခမ်းအနားတစ်ခုသို့ အပေါ်ပိုင်း အဝတ်မပါ ဆန္ဒပြအမျိုးသမီးတစ်ဦး ဝင်ရောက်နှောင့်ယှက်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းက နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာ မိန့်ခွန်းတစ်ရပ်ကို  Le Pen ပြောကြားနေစဉ် အဆိုပါ ဆန္ဒပြအမျိုးသမီးက ခန်းမဆောင်တွင်းသို့ ဝင်ရောက်အော်သစ်   သောင်းကျန်းသွားခြင်း ဖြစ်သည်။ " ရှင်က အတုအယောင်အမျိုးသမီး ဝါဒီပဲ" ဟု ယင်း ဆန္ဒပြအမျိုးသမီးက အော်ဟစ်သွားခဲ့သည်။

ယင်းနောက် ၎င်းအား လုံခြုံရေးဝန်ထမ်း သုံးဦးက ခန်းမတွင်းမှ ဝိုင်းဝန်းထိန်းသိမ်းခေါ်ထုတ်သွားခဲ့ရသည်ဟု သိရသည်။

National Front (FN) ပါတီ ဥက္ကဌဖြစ်သည့် အသက် ၄၈ နှစ်ရှိ Marine Le Pen မှာ Marine Le Pen မှာ ပြင်သစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေလျက်ရှိသည့် တစ်ဦးတည်းသော အမျိုးသမီး သမ္မတကိုယ်စားလှယ်လောင်းလည်း ဖြစ်ကာ သူမကိုယ်သူမ အမျိုးသမီးတန်းတူ အခွင့်အရေးရရေး ထောက်ခံသူဖြစ်ကြောင်း ထုတ်ဖော်ထားသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly