ကမ္ဘာ့အကောင်းဆုံး လက်ဖက်ရည်ဆိုင် ၁၁ ဆိုင်စာရင်းမှာ Rangoon Tea House ပါဝင်

ကမ္ဘာ့အကောင်းဆုံး လက်ဖက်ရည်ဆိုင် ၁၁ ဆိုင်စာရင်းမှာ Rangoon Tea House ပါဝင်
(ဓာတ်ပုံ - Rangoon Tea House)

CNN သတင်းဌာနက ဖော်ပြထားတဲ့ ကမ္ဘာ့အကောင်းဆုံး လက်ဖက်ရည်ဆိုင် ၁၁ ဆိုင်စာရင်းမှာ ရန်ကုန်မြို့ရှိ Rangoon Tea House လည်း ပါဝင်ကြောင်း သိရပါတယ်။

ကမ္ဘာအနှံ့အပြားမှ ကမ္ဘာ့အကောင်းဆုံး လက်ဖက်ရည်ဆိုင် ၁၁ ဆိုင်စာရင်းမှာ Rangoon Tea House ကို တတိယနေရာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

Rangoon Tea House ဟာ ဒေသခံများနှင့် နိုင်ငံခြားခရီးသွားဧည့်သည်များ တွေ့ဆုံနိုင်ရန် အကောင်းဆုံးနေရာ တစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။

Rangoon Tea House မှာ လက်ဖက်ရည်၊ ရေနွေးကြမ်းအပြင် အုန်းနို့ခေါက်ဆွဲကိုလည်း စားသုံးနိုင်မှာဖြစ်ပါတယ်။

ဖွင့်လှစ်ထားတဲ့နေရာကတော့ ၇၇-၇၉ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်။ ဖုန်း - ၉၅ ၉ ၉၇၉ ၀၇၈၆၈၁ ဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး လက်ဖက်ရည်ဆိုင် ၁၁ ဆိုင်စာရင်း

၁) Rokhat, Rudaki Avenue 84, Dushanbe, Tajikistan; +992 90 793 1347
၂) Tea House 278, 278 Main St, Bar Harbor, Maine; +1 207-288-2781
၃) Rangoon Tea House, 77-79 Pansodan Road, Yangon, Myanmar; +95 9 979 078681
၄) Leaf Tea Bar, 650 South Ave, Rochester, New York; +1 585-245-0242
၅) Sengan-en, 9700-1 Yoshinocho, Kagoshima, Japan; +81 99-247-1551
၆) Plain of Six Glaciers Tea House, Lake Louise, Alberta, Canada; +1 403-667-4663
၇) The Random Tea Room & Curiosity Shop, 713 N 4th St, Philadelphia; +1 267-639-2442
၈) Proper Tea, 10 Cateaton St, Manchester; +44 161 832 3220
၉) Anne Hathaway Cottage Tea Room, 950 W Beverley Street, Staunton, Virginia; +1 540-885-8885
၁၀) Pin Von Teahouse, 94 Pingjiang Rd, Jiangsu Sheng, Suzhou Shi, China; +86 512 6728 8816
၁၁) Rx Tea Time, 1605 Pebrican Avenue, Cheyenne, Wyoming; +1 307-461-1574

Ref; CNN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly