ဖိလစ်ပိုင်သမ္မဒူတာတေးသည် လူသတ်သမားဖြစ်သည်ဟု လွှတ်တော်အမတ်ပြောကြား

ဖိလစ်ပိုင်သမ္မဒူတာတေးသည် လူသတ်သမားဖြစ်သည်ဟု လွှတ်တော်အမတ်ပြောကြား

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် လူသတ်သမားတစ်ဦးဖြစ်ပြီး ရာထူးမှထွက်ခွာရန် တွန်းအားပေးခံရသင့်သည်ဟု ၎င်းအားဝေဖန်သူ အကြီးအကဲတစ်ဦးဖြစ်သည့် လွှတ်တော်အမတ်တစ်ဦးက ယနေ့အင်္ဂါနေ့တွင်ပြောခဲ့ ပြီး သူမကို စွပ်စွဲထားသော မူးယစ်ဆေးဝါးအမှုများသည် သူမကို အသံတိတ်စေရန်အတွက် လုပ်ကြံထားခြင်းဖြစ်သည်ဟု အခိုင်အမာပြောခဲ့သည်။

လွှတ်တော်အမတ် လိုင်လာဒီလီမာသည် လွန်ခဲ့သောဆယ်စုနှစ်သုံးခုအကြာက အာဏာရှင်ဖာနန်ဒိုမားကို့စ်အား ဖြုတ်ချသည့် နာမည်ကျော်“လူထုအင်အား”တော်လှန်ရေးအကြောင်းအား ဒူတာတေးနှင့်လူအများအပြားကို သေဆုံးစေခဲ့သော သူ၏မူးယစ်ဆေးဝါးစစ်ပွဲကို ဆန့်ကျင်သည့် ပြင်းထန်သော မှတ်ချက်ပေးခဲ့ရာတွင် ကိုးကားပြောဆိုခဲ့သည်။

“ကျွန်မတို့ရဲ့သမ္မတဖြစ်သူဟာ လူသတ်သမားဖြစ်ပြီးတော့ စိတ်ရူးပေါက်နေတဲ့ ကွင်းဆက်လူသတ်သမားတစ်ဦး ဖြစ်တယ်ဆိုတာ အငြင်းပွားစရာ မလိုတော့ပါဘူး” ဟု ဒီလီမာက သတင်းထောက်များအား ပြောခဲ့ပြီး အစိုးရအဖွဲ့ အား ဒူတာတေးသည်ဦးဆောင်ရန် မသင့်တော်ဟု ကြေညာရန် တိုက်တွန်းခဲ့သလို ဖိလစ်ပိုင်လူမျိုးများကိုလည်း ဒူတာတေး၏ အုပ်ချုပ်မှုအား ဆန့်ကျင်ကြောင်း ကြွေးကြော်ရန်တောင်းဆိုခဲ့သည်။

ဒူတာတေးသည်စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသည်ဟုအကြောင်းပြကာ အစိုးရအဖွဲ့အတွင်းရှိအများစုက ၎င်းအား ဖြုတ်ချမည်ဆိုပါက အခြေခံဥပဒေအရဖြစ်နိုင်ကြောင်းနှင့် ထိုကဲ့သို့   ဆောင်ရွက်ကြရန်လည်း ဒီလီမာက တိုက်တွန်းခဲ့သည်။

အကယ်၍အစိုးရအဖွဲ့မှထိုသို့မဆောင်ရွက်ပါက လွန်ခဲ့သော၁၉၈၆ခုနှစ်တုန်းကလို မားကို့စ်၏အာဏာရှင်စနစ် ကိုအဆုံးသတ်သွားစေခဲ့သော လူထုအုံကြွမှုမျိုးဖြစ်ပေါ်လာနိုင်သည်ဟု ပြောခဲ့သည်။

နိုင်ငံတော်လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်ဟောင်းဖြစ်သူဒီလီမာအား ပြီးခဲ့သောအပတ်က အစိုးရမှတရားစွဲ ဆိုခဲ့ပြီး ယခင်အစိုးရလက်ထက်တွင် သူမတရားရေးရာအတွင်းရေးမှူးဖြစ်စဉ်၌ မူးယစ်ဆေးဝါး မှောင်ခိုကူးရာ တွင် ပါဝင်ပက်သက်ခဲ့သည်ဟု စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly