ခေတ်စားနေတာ မလိုက်နဲ့ ကိုယ်လုပ်ချင်တာကိုပဲ စွဲစွဲမြဲမြဲလုပ်

ခေတ်စားနေတာ မလိုက်နဲ့ ကိုယ်လုပ်ချင်တာကိုပဲ စွဲစွဲမြဲမြဲလုပ်
 

အရင်ကခေတ်စားခဲ့တဲ့ အရုပ်လေးလည်း အခုတော့ အလကားဖြစ်သွားပြီ။ ပျော်ဖို့ကောင်းမယ်ထင်လို့ ငါလည်းတစ်ခု ဝယ်ခဲ့တယ်။ ဒီနေ့တော့ ဒါဟာကစားနည်းအသစ်ပဲ

တခြားကစားနည်းက ဟောင်းသွားပြီ။ အခုငါ့မှာငွေတွေ သုံးလိုက်မိပြီ အခုတော့ ဒီလိုပြောကြတယ်။ အဲဒါတွေက မနေ့ကအဖြစ်တွေ ဟောင်းသွားပြီ။

ငါအရင်တုန်းက သိပ်ကြိုက်တဲ့ အမွှေးပွကြောင်းရုပ်လေး သိပ်ကို ခေတ်စားခဲ့ပြီးတော့ နောက်ဘယ်သူမှ မကြိုက်ကြတော့ဘူး။
သူငယ်ချင်းတွေတောင် မနာလိုဖြစ်ခဲ့ကြ လက်ကောက်တွေ အပြည့်ဝတ်ကြတဲ့ခေတ်ပေါ့။ နှစ်ရက်လောက်ပဲ ဝတ်လိုက်ရပြီးတော့ ခြေအိတ်အဆန်းလေးတွေ ပေါ်လာတာပေါ့။

ဖုန်းအသစ်တွေ ပေါ်သမျှဝယ် ဒီဇိုင်းမျိုးစုံ အရွယ်မျိုးစုံနဲ့ ဒါပေမဲ့ ငါ့အတွက် အမှန်တကယ်ကော အားလုံးလိုအပ်ရဲ့လား။

ခွေးလိမ္မာလေး မွေးဖူးသလို ခွေရုပ်လေးကိုလည်း အစာတွေကျွေး သူ ဒစ်ဂျစ်တယ်တုတ်ချောင်းလေးနဲ့ ကစားတာတွေလွမ်းမိတယ်။

တခါတလေတော့လည်း အပြစ်ရှိသလို ခံစားမိပါတယ်။ နောက်ဆုံးပေါ် စိတ်ဝင်စားစရာတွေကို တပ်မက်ခဲ့လို့ ။
ငါတို့ရဲ့အချိန်တွေ ငွေတွေအားလုံး ပြောင်းလဲမှုနဲ့အတူ ပါသွားခဲ့ပြီ။ အဲဒါတွေက မနေ့က အဖြစ်တွေ .....ဟောင်းသွားပြီ။....မနေ့က ခေတ်နဲ့ အမှီလိုက် အပြောင်းအလဲတွေ ရူးသွပ်မှုတွေ ဟောင်းသွားတဲ့ မနေ့က အဖြစ်တွေနဲ့ လုံးပန်းခဲ့ရတယ်။ သူငယ်ချင်းတွေနဲ့ ဆုံဖို့တောင် အတော်ကြိုးစားရတယ်နော်။ အခုမှ ငါစဉ်းစားကြည့်တယ် ဟုတ်တယ်သေချာစဉ်းစားကြည့် ခေတ်စားနေတဲ့ဟာတွေက နင့်အကြိုက် ဟုတ်ပါဘူး။ ကိုယ်လုပ်ချင်တာပဲလုပ်မယ်။ အပြောင်းအလဲတွေ စိတ်ဝင်စားစရာတွေ ခေတ်မရှိတော့တာတွေ အားလုံးနားထား။ ကိုယ်လုပ်ချင်တာကိုပဲ စွဲစွဲမြဲမြဲ လုပ်တော့မယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly