နယူးယောက်နှင့် အခြားမြို့များမှာ Not My President Day အဖြစ် ထရမ့်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုများ ဆင်နွှဲ

နယူးယောက်နှင့် အခြားမြို့များမှာ Not My President Day အဖြစ် ထရမ့်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုများ ဆင်နွှဲ

အမေရိကန်နိုင်ငံ နယူးယောက်နဲ့ အခြားမြို့တွေမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေက သမ္မတဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာဆိုပြီး တစ်လပြည့်မြောက်မှာ ဆန့်ကျင် ဆန္ဒပြပွဲတွေ ဆင်နွှဲကြပါတယ်။

ခုဆန္ဒပြပွဲတွေကို President’s Day ကျရောက်တဲ့ နေ့နဲ့ အချိန်ကိုက်ပြီး လူမှုမီဒီယာတွေက လှုံ့ဆော်ကာ Not My President Day အဖြစ် ဆင်နွှဲကြတာပါ။

“ထရမ့်ဟာ ကျွန်တော်တို့ရဲ့ သမ္မတပေါ့။ ဒါပေမယ့် နာမည်သက်သက် သမ္မတပါ။ သူက နယူးယောက်ရဲ့ စံနှုန်းတန်ဖိုးတွေကို တိုက်ခိုက်နေတယ်။ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားကိုလည်း ကိုယ်စားမပြုဘူး။ ကျွန်တော်တို့အနေနဲ့ Columbus Circle မှာ စုရုံးပြီး လက်ရှိအိမ်ဖြူတော်ရဲ့ အမေရိကန်မူဝါဒ နည်းမကျတာတွေကို ဆန့်ကျင်သွားမယ်။”ဟု လူမှုမီဒီယာ ဖေ့ဘုတ်ပေါ်မှ လှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေက “ကျွန်တော်တို့ရဲ့ သမ္မတမဟုတ်”၊ “အမုန်းတရားပယ်ဖျက်ကြ”၊ “ထရမ့် လူရှုပ်”၊ “တံတိုင်းကာရံခြင်း အလိုမရှိ”စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ဆန္ဒပြကြပါတယ်။

ထရမ့်က မက္ကဆီကိုဖက်မှ ရွှေ့ပြောင်းဝင်ရောက်သူတွေကို တားဆီးနိုင်ရေးအတွက် နယ်စပ်မှာ တံတိုင်းကာမယ်ဆိုထားခြင်းကို “တံတိုင်းကာရံခြင်း အလိုမရှိ”ဆိုတဲ့ စာသားဆိုင်းဘုတ်ကို ကိုင်ဆောင်ဆန္ဒပြတာဖြစ်ပါတယ်။

နယူးယေက်မြို့က ဆန္ဒပြမှုမှာ ထရမ့်ထောက်ခံသူအနည်းအကျဉ်းလူအုပ်စုက ကန့်ကွက်ဆန္ဒပြသူတွေကို အော်ဟစ်ကာ တန်ပြန်ဆန္ဒပြပေမယ့် အခြေအတင်အချင်းများတာမျိုး မဖြစ်ခဲ့ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly