ငွေမကုန်ဘဲ ပျော်ရွှင်နိုင်အောင် သေချာစဉ်းစား ငွေကိုသုံး

ငွေမကုန်ဘဲ ပျော်ရွှင်နိုင်အောင် သေချာစဉ်းစား ငွေကိုသုံး
 

ဂျင်းဘောင်းဘီတွေဟေ့ .....အပြာနဲ့ အနက်ရင့်နှစ်ထည်ကို ဝယ်လိုက်ပြီ။ ပြဿနာကတော့ ဒီလို.... ဘောင်းဘီကဝတ်ထားရင်း ကျွတ်ကျတာ မြေကြီးပေါ် ပုံသွားရောကွာ။
သိပ်သင်ချင်နေတော့ ငွေပေးပြီး စီးတက်အောင် သင်မယ်ပေါ့။စိတ်ထဲမှာတော့ မြင်းကောင်းကောင်းစီးတက်တော့မှာပေါ့။ အခုတော့ ငွေတွေ သုံးလိုက်မိတာ ကံဆိုးပါပြီ။ ငါသိသွားပြီဟေ့။ မြင်းတွေဟာ ငါနဲ့အကျိုးမပေး ။ ဒါဟာ အများကြီး ငွေတွေ လေလွင့်ကုန်တာ။
ခေတ်စားနေတဲ့ ဆံဆင်ဆိုးဘူးကို ဝယ် တကယ်တော့ ငါလည်းသူ့လို လှချင်တယ်။ အခုတော့ ငါ့ဆံပင်ကြောင့် အားလုံး ဝိုင်းကြည့်ကုန်ပြီ။

သူ့လက်ထဲမှာ ရေမွှေးပုလင်းလေးကိုင်ထားလေရဲ့ အဲဒီတံဆိပ် ဝယ်လိုက်ရင် ငါလည်းသူ့လို ဖြစ်ပြီကွယ်။ အခုတော့ ငွေတွေသုံးလိုက်မိတာ ကံဆိုးပါပြီ။ ငါသိပါတယ် သူတို့က ငါဟာအနံပြင်းသူလေးလို့ ထင်ကြမှာ။ ထင်ပေါ်ချင်လို့တော့ မပြောင်းလဲလိုက်ပါနဲ့ကွာ ။ ပြီးတော့ အဲဒီငွေတွေ ပြန်မရနိုင်တော့ပါ။

ဘယ်နှစ်ကြိမ်မှန်း မသိလောက်အောင် ဗိုက်ကဆာလာတော့ အကောင်းဆုံးဘာဂါတစ်လုံး ချက်ချင်းဝယ်စားပစ်လိုက်မယ်။

တစ်ကိုက်ကိုက်လိုက်မှ ငါတော့ ခံလိုက်ရပြီးဆိုတာသိတယ်။ ကြော်ငြာထားတဲ့ပုံတွေကို ယုံကြည်လို့ မရနိုင်ပါ။

ထင်ပေါ်ချင်လို့တော့ မပြောင်းလဲလိုက်ပါနဲ့ ။ ဒါတွေကို အမြဲသတိထားရင် မင်းအဆင်ပြေသွားမှာပါ။ မင်းလုပ်ရမှာက မဝယ်ခင်မှာ အရင်ဝတ်ကြည့်ပါ။ မြင်သမျှ ကြော်ငြာတွေအတိုင်း အရူးမထချင်နဲ့ ကိုယ့်ဘာသာကိုယ်နေ ငွေမကုန်ဘဲ ပျော်ရွှင်နိုင်အောင် ကြိုးစားပါ။ သူငယ်ချင်းတွေနဲ့ကစား ဒါမှမဟုတ် အသင်းတစ်ခုထဲ ဝင်ချင်ဝင် ဒါမှမဟုတ် ချာချင်းလို နာမည်ကြီး တီးဝိုင်းထောင်လိုက် သေချာစဉ်းစားပြီးမှာ ငွေကိုသုံး ။

ငွေတွေအများကြီး မလေလွင့်တော့ဘူး။ ငွေမကုန်ဘဲ ပျော်ရွှင်အောင် လုပ်ရမှာ ။ ငွေတွေအများကြီး လေလွင့်အောင် မလုပ်ချင်နဲ့ အဲဒီငွေတွေ ကိုယ့်ဆီကို ဘယ်တော့မှ ပြန်ရောက်လာမှာ မဟုတ်လို့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly