စစ်တွေမြို့၌ WY ဆေးပြား ၂သိန်းနီးပါး ဖမ်းမိ

စစ်တွေမြို့၌ WY ဆေးပြား ၂သိန်းနီးပါး ဖမ်းမိ
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

ဖေဖော်ဝါရီ ၁၈ ။               ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အုန်းတောကြီးကျေးရွာမှ ပီနံအိတ်တစ်ထုပ် ဖမ်းဆီးရမိခဲ့ပြီး WY ဆေးပြား ၂သိန်းနီးပါး ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သည်။

အုန်းတောကြီးကျေးရွာနေ ဟာရူလာမီနှင့် ရှောင်ချီဒါဘေခေါင်၏ အိမ်သို့ တစ်ရွာတည်းနေ ဇာရီတူဆောင်းမှ ပီနံအိတ်တစ်ထုပ် သယ်ဆောင်လာကြောင်း သိရသဖြင့် ဖေဖော်ဝါရီ ၁၆ ရက် ည ၇ နာရီတွင် သွားရောက်စစ်ဆေးရာ အိမ်ပိုင်ရှင် ရှောင်ချီဒါဘေခေါင် မှာထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

တွေ့ရှိသည့် ပီနံအိတ်အား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ကာလတန်ဖိုး ငွေကျပ် သိန်း ၅၉၀၀ ခန့် တန်ဖိုးရှိသော WY စိတ်ကြွဆေးပြား ၁၉၆၃၈၀ ပြား တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ဟာရူလာမီ၊ ဇာရီတူဆောင်းနှင့် ရှောင်ချီဒါဘေခေါင်တို့ ၃ ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly