အလောင်းတော်ကသပ ဘုရားဖူးယာဉ် တိမ်းမှောက်၍ တစ်ဦးသေဆုံး

အလောင်းတော်ကသပ ဘုရားဖူးယာဉ် တိမ်းမှောက်၍ တစ်ဦးသေဆုံး
အလောင်းတော်ကဿပဘုရားသို့ သွားရာလမ်းမကြီးအား ယမန်နှစ်က ကွန်ကရစ်လမ်းခင်းနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - MOI

မုံရွာ၊ ဖေဖော်ဝါရီ ၁၈။            ။ အလောင်းတော်ကသပ ဘုရားဖူးယာဉ် တစ်စီး ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက တိမ်းမှောက်ခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်မြို့မရဲစခန်းမှ သိရသည်။

ယင်းမာပင်မြို့နယ်၊ ကွင်းစပ်ကျေးရွာအနီးတွင် အဆိုပါဘုရားဖူးယာဉ်တိမ်းမှောက်ခဲ့ပြီး ရှေ့ဘီးပေါက်ကာ လမ်း၏လက်ယာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဘုရားဖူးယာဉ်ပေါ်တွင် ခရီးသည် ၇ ဦး လိုက်ပါလာပြီး မချိုမြသီ(၃၇)နှစ်၊(ဘ)ဦးမြတ်ထူး၊ ကသာမြို့နေထိုင်သူမှာ မေးစေ့ပေါက်ပြဲဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ယင်းမာပင်မြို့နယ်ရဲမှူး ရဲမှူးမြင့်သိန်းက ပြောသည်။

ယင်းကြောင့် ယင်းမာပင်မြို့မရဲစခန်းမှ ယာဉ်မောင်းသူအား ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၇ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း အလောင်းတော်ကသပ ဘုရားဖူးယာဉ်ပေါ်မှ ခရီးသည်အမျိုးသမီးတစ်ဦးပြုတ်ကျ သေဆုံးခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly