ကေအန်ယူ၊ ကေအိုင်အိုတို့ ငြိမ်းချမ်းရေးအတွက် အတူလုပ်ဆောင်ရန် ယနေ့ကြေညာချက်ထုတ်

ကေအန်ယူ၊ ကေအိုင်အိုတို့ ငြိမ်းချမ်းရေးအတွက် အတူလုပ်ဆောင်ရန် ယနေ့ကြေညာချက်ထုတ်

ချင်းမိုင်၊ ဖေဖော်ဝါရီလ ၁၆။             ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် လက်မှတ်မထိုးသေးသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)တို့ ငြိမ်းချမ်းရေး အဖြေရှာနိုင်ရန်အတွက် အကောင်းဆုံး အတူတကွ ကြိုးပမ်းလုပ်ဆောင်သွားကြရန် ယနေ့ သဘောတူညီလိုက်သည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ် မူတူးစေးဖူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် KIO ဘက်မှ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သော ဗဟိုကော်မတီတို့နှင့် ဌာနချုပ် လိုင်ဇာမြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် လက်ရှိ ငြိမ်းချမ်းရေး အခြေအနေနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သဘောတူညီချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“မိမိတို့အဖွဲ့အစည်း နှစ်ရပ်အနေဖြင့် လိုအပ်သည့် နည်းလမ်းများ ရှာဖွေပြီး ငြိမ်းချမ်းရေး အဖြေရရှိရန်အတွက် အကောင်းဆုံးလုပ်ဆောင်သွားကြရန် သဘောတူညီကြပြီး အတူတကွ ကြိုးပမ်းလုပ်ဆောင်သွားကြမည် ဖြစ်ကြောင်း”ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုတွေ့ဆုံမှုတွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ် မူတူးစေးဖူး၊ စစ်ရေးနိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီး တူးတူးလေး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖဒိုစောတာဒိုမူး၊ ဖဒိုစောတာမူလာတို့ ပါဝင်သည်။ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(KNU)မှ အကြံပေး ပုဂ္ဂိုလ်များဖြစ်သော ဦးခွန်ဆိုင်းနှင့် ဦးဟန်ညောင်ဝေတို့ ပါဝင်ခဲ့သည်ဟု သိရသည်။

လက်နက်ကိုင် ပစ်ခတ်တိုက်ခိုက်မှုများအား ရပ်စဲပြီး ကတိကဝတ်များနှင့်အညီ ငြိမ်းချမ်းစွာ အဖြေရှာရန်၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး ပါဝင်လာနိုင်ရေးအတွက် နည်းလမ်းရှာဖွေကြရန် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းလုပ်ဆောင်ကြရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ထို့ပြင် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေကြသော တိုင်းရင်းသား လက်န်ကကိုင် အဖွဲ့အစည်းများ အားလုံး အကြမ်းဖက်အဖွဲ့အစည်းများ မဟုတ် ငြိမ်းချမ်းရေးအတွက် လုပ်ဖော် ဆောင်ဘက်များဖြစ်၍ ငြိမ်းချမ်ေးရး ရရှိသည်အထို ဆောင်ရွက်သွားရန် တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags