ပြိုင်ပွဲမပြီးဆုံးသေးကြောင်း ရီးယဲလ်အသင်းကို နာပိုလီဂိုးသမား ရိန်နာ သတိပေး

ပြိုင်ပွဲမပြီးဆုံးသေးကြောင်း ရီးယဲလ်အသင်းကို နာပိုလီဂိုးသမား ရိန်နာ သတိပေး

ဖေဖော်ဝါရီ ၁၆၊ အီတလီ ။             ။ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွင် ရီးယဲလ်အသင်းကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နာပိုလီဂိုးသမား ပီပီရိန်နာက ပြိုင်ပွဲမပြီးဆုံးသေးကြောင်း ရီးယဲလ်အသင်းကို သတိပေးပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် နာပိုလီအသင်းအတွက် အဖွင့်ဂိုးကို အင်ဆစ်ဂ်နီက သွင်းယူပေးနိုင်ခဲ့သော်လည်း ရီးယဲလ်အသင်းအတွက် ချေပဂိုးနှင့်အနိုင်ဂိုးများကို ဘန်ဇီမာ၊ တိုနီခရုစ်နှင့် ကာစီမီရိုတို့က သွင်းယူပေးခဲ့ကြသည်။

‘ကျွန်တော်တို့ဟာ တကယ်ကိုကောင်းမွန်တဲ့ ရီးယဲလ်အသင်းနဲ့တွေ့ဆုံကစားခဲ့ရတာပါ။ သူတို့ရဲ့နိုင်ပွဲအတွက် ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲက မပြီးသေးပါဘူး။ ကျွန်တော်တို့အိမ်ကွင်းမှာ ကစားရဦးမယ့်ပွဲစဉ်မှာ ရီးယဲလ်အသင်းအနေနဲ့ လွယ်ကူတဲ့ အနေအထားမျိုး ရရှိမှာမဟုတ်ပါဘူး’ ဟု ရိန်နာက သတိပေးပြောကြားလိုက်သည်။

နာပိုလီအသင်းသည် ယခုနှစ်ရာသီတွင် ခြေစွမ်းပြလျက်ရှိနေပြီး ပြိုင်ပွဲပေါင်းစုံတွင် ရှုံးနိမ့်ခြင်းမရှိခဲ့သည်မှာ ၁၈ ပွဲဆက်တိုက် ရှိနေပြီ ဖြစ်သည်။

ရီးယဲလ်နှင့် မကစားမီ နာပိုလီအသင်း၏ အဝတ်လဲခန်းသို့ ဂန္ထဝင်ကစားသမားဟောင်းကြီး မာရာဒိုနာလာရောက်ခဲ့ပြီး ပရိသတ်များအတွက် အနိုင်ကစားကြရန် အားပေးတိုက်တွန်းခဲ့သည်။

ရည်ညွှန်း football-italia

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags