ဖခင်၏ ဇာတိနိုင်ငံကို ရောက်ရှိပြီးနောက် ကင်ညာမိသားစုနှင့် အိုဘားမားညစာစား

ဖခင်၏ ဇာတိနိုင်ငံကို ရောက်ရှိပြီးနောက် ကင်ညာမိသားစုနှင့် အိုဘားမားညစာစား

နိုင်ရိုဘီ၊ ဇူလိုင် ၂၅ ။       ။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ၎င်း၏ဖခင်ဖြစ်သူ၏ ဇာတိနိုင်ငံကို သမ္မတတစ်ဦး အနေဖြင့် ကင်ညာနိုင်ငံသို့ ဇူလိုင် ၂၄က ပထမဆုံးအကြိမ်ရောက်ရှိပြီးနောက် မွေးစားအဖွား၊ ၎င်း၏နှမအပြင် အခြားမိသားစုဝင် များနှင့်အတူ ညစာစားခဲ့သည်။

အိုဘားမား၏ လေတပ်-၁ လေယာဉ်သည် ဇူလိုင် ၂၄ ညနေပိုင်းက ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီသို့ ရောက်ရှိခဲ့ပြီး မြို့တော်တွင် အာဖရိကတွင် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အားစွမ်းရည်မြင့်တင်ရေး ကွန်ဖရင့် တစ်ခုကို အိုဘားမားက ပူးတွဲလက်ခံကျင်းပ မည်ဖြစ်သည်။

ထို့နောက် အီသီယိုးပီးယားသို့ သွားရောက်မည်ဖြစ်သည်။ အိုဘားမားကို ကင်ညာသမ္မတ အူဟူရူကင်ညတ္တာနှင့် ကင်ညာ ထိပ်တန်းအရာရှိများက ကြိုဆိုခဲ့ကြပြီးနောက် အိုဘားမားသည် မြို့တော်ကိုဖြတ်ကာ ထွက်ခွာခဲ့သည်။

အိုဘားမားရောက်လာပြီးနောက် ရဲတပ်ဖွဲ့ဝင်များက ကြီးမားသည့် လုံခြုံရေးဆောင်ရွက်မှု၏ အစိတ်အပိုင်းအဖြစ်  အဓိက လမ်းမကြီးများကို ပိတ်ကာ ခါတိုင်းပြွတ်သိပ်နေသည့် မြို့တော်ရှိ လမ်းများကို ရှင်းလင်းခဲ့သည်။ အမှောင်ထဲတွင်ပင် စိတ်လှုပ်ရှားနေသော ကင်ညာလူမျိုးများသည် အိုဘားမား၏ ယာဉ်တန်းဖြတ်သန်းချိန်တွင် အော်ဟစ်နုတ်ဆက်ခဲ့ကြသည်။

တည်းခိုသည့်ဟိုတယ်ကို ရောက်သည်နှင့် အိုဘာမားသည် ၎င်းက ဖွားဖွားဟုခေါ်ဆိုသည့် မာမာဆာရာဆိုသည့် အမျိုးသမီး ကြီးနှင့် အတူထိုင်ခဲ့သည်။ ၎င်းအမျိုးသမီးကြီးက အိုဘားမား၏ ဖခင်ကို ကလေးဘဝက ပြုစုကျွေးမွေးခဲ့သူဖြစ်သည်။

အိုဘားမား၏ အဖေတူအမေကွဲ အော်မာအိုဘားမားအပြင် တခြားတော်စပ်သော မိသားစုဝင်များစွာလည်း ရောက်လာခဲ့ကြသည်။ အိုဘားမားသည် ၎င်းတည်းခိုနေသည့် ဟိုတယ်တွင်းရှိ စားသောက်ဆိုင်တစ်ခုတွင် စားပွဲရှည်ကြီးများတွင် ကြီးမားသည့် မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး စကားလက်ဆုံကျခဲ့သည်။

ကင်ညာနှင့် အိုဘားမားမိသားစုဆက်စပ်နေခြင်းက ကုန်သွယ်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးတို့တွင် အာရုံစိုက်သည့် ခရီးစဉ်တစ်ခုဖြစ်လာနိုင်သည်။

သို့သော်လည်း အိုဘားမားသည် ၎င်း၏ဖခင်မြုပ်နှံရာရွာသို့မူ သွားရောက်မည်မဟုတ်ဟု မျှော်လင့်ရသည်။ ကင်ညာသည် ဆိုမာလီအစ္စလာမ္မစ်အုပ်စု အယ်လ်ရှားဘက်ကို ဆန့်ကျင်တိုက်ခိုက်ရာတွင် အနောက်နိုင်ငံများ၏ အရေးပါသည့် မဟာမိတ်ဖြစ် သည်။

အိုဘားမားသည် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ နိုင်ရိုဘီတွင် ပြုလုပ်မည့် ဆွေးနွေးပွဲများကို အာရုံစိုက်ဖွယ်ရှိ သည်။

အယ်လ်ခိုင်ဒါဆက်နွယ် အယ်လ်ရှားဘက်အုပ်စုသည် ၂၀၁၃ခုနှစ်က နိုင်ရိုဘီရှိ Westgate ဈေးဝယ်စင်တာ တိုက်ခိုက်မှုနောက် ကွယ်က ရှိနေခဲ့ပြီး ထိုစဉ်က တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ၆၇ဦးသေဆုံးခဲ့သည်။ ထို့အပြင် ယခုနှစ် ဧပြီလကလည်း ဆိုမာလီနယ်စပ်အနီးရှိ ကင်ညာတက္ကသိုလ်တစ်ခုကို အယ်လ်ရှားဘက်တို့တိုက်ခိုက်မှုကြောင့် လူ ၁၄၈ ဦးသေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly