စီရော်နယ်ဒို သူ၏ ကစားသမားဘဝတွင် ချန်ပီယံလိဂ်ဂိုးပေါက်ပျောက်ဆုံးမှု စံချိန်တင်နေ

စီရော်နယ်ဒို သူ၏ ကစားသမားဘဝတွင် ချန်ပီယံလိဂ်ဂိုးပေါက်ပျောက်ဆုံးမှု စံချိန်တင်နေ

ဖေဖော်ဝါရီ ၁၆၊ စပိန် ။              ။ ရီးယဲလ်အသင်းက နာပိုလီအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဂိုးသွင်းနိုင်ခြင်းမရှိသည့်အတွက် စီရော်နယ်ဒိုမှာ သူ၏ ကစားသမားဘဝတွင် ချန်ပီယံလိဂ်ဂိုးပေါက်ပျောက်ဆုံးမှု စံချိန်တင်လျက်ရှိနေသည်။

စီရော်နယ်ဒိုမှာ ချန်ပီယံလိဂ်တွင် ဂိုးမသွင်းနိုင်သည်မှာ ၅၂၃ မိနစ်ရှိသွားပြီဖြစ်သည်။ ယခုနှစ်ချန်ပီယံလိဂ်တွင် သွင်းဂိုး ၂ ဂိုးသာ သွင်းနိုင်သေးပြီး စပို့တင်းလစ္စဘွန်းနှင့်ဒေါ့တ်မွန်အသင်းတို့ကို အုပ်စုပွဲစဉ်များတွင်သွင်းယူခဲ့ခြင်း ဖြစ်သည်။

စီရော်နယ်ဒိုသည် ချန်ပီယံလိဂ်တွင် ဂိုးပေါက်ပျောက်ဆုံးနေရသော်လည်း ယခုနှစ်တွင် အသင်းဖော်များအတွက် ဖန်တီးမှု ငါးကြိမ် ပြုလုပ်ပေးထားသည်။ ထိုစွမ်းဆောင်မှုမှာ ၎င်း၏ ရီးယဲလ်ကစားသမားဘဝတွင် အကောင်းဆုံးစွမ်းဆောင်မှုလည်း ဖြစ်သည်။ နာပိုလီကို အနိုင်ရခဲ့သည့်ပွဲတွင်လည်း တိုနီခရုစ်သွင်းယူခဲ့သည့်ဂိုးကို စီရော်နယ်ဒိုက ဖန်တီးပေးခဲ့သည်။

စီရော်နယ်ဒိုသည် ဂိုးပေါက်ပျောက်နေသော်လည်း ချန်ပီယံလိဂ်တွင် သွင်းဂိုး ၉၅ ဂိုးဖြင့် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေဆဲဖြစ်သည်။

စီရော်နယ်ဒို၏နောက်တွင် မက်ဆီက ၉၃ ဂိုးဖြင့် ဒုတိယ၊ ရီးယဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်က ၇၁ ဂိုးဖြင့် တတိယ၊ မန်ယူတိုက်စစ်မှူးဟောင်း ဗန်နစ္စတယ်ရွိုင်းက ၅၆ ဂိုးဖြင့် စတုတ္ထနေရာတွင် ရပ်တည်နေသည်။

စီရော်နယ်ဒို၏ အသင်းဖော် ဘန်ဇီမာမှာမူ နာပိုလီနှင့်ပွဲတွင် သွင်းယူခဲ့သည့် သူ၏ ဂိုးတိုက်သွင်းဂိုးကြောင့် ချန်ပီယံလိဂ်တွင် သွင်းဂိုး ၅၁ ဂိုးရှိလာပြီဖြစ်ပြီး ပဉ္စမဂိုးသွင်းအများဆုံး တိုက်စစ်မှူးအဖြစ် မှတ်တမ်းဝင်လာခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly