ကာကွယ်ရေး အသုံးစရိတ် တိုးမြင့်သုံးစွဲဖို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို အမေရိကန် ဖိအားပေး

ကာကွယ်ရေး အသုံးစရိတ် တိုးမြင့်သုံးစွဲဖို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို အမေရိကန် ဖိအားပေး

ဖေဖော်ဝါရီ ၁၆ ။                  ။ နေတိုးအဖွဲ့အတွင်း ပါဝင်ထားသည့် နိုင်ငံများအနေဖြင့် ကာကွယ်ရေး အသုံးစရိတ်ကို ယခုထက် ပိုမိုတိုးမြင့်သုံးစွဲသွားရမည် ဖြစ်ကြောင်းနှင့် အကယ်၍ အဖွဲ့အတွက်   ငွေပိုမသုံးပေးချင်ဘူးဆိုပါက ဝါရှင်တန်အနေဖြင့်လည်း ယင်း၏ ထည့်ဝင်မှုကို လျှော့ချသွားရတော့မည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်သည်။

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အသုံးစရိတ်ပိုင်း တိုးမြင့်သုံးစွဲခြင်း မရှိပါက ယင်းညွှန့်ပေါင်းအုပ်စုအတွက် အမေရိကန်၏ ထည့်ဝင်ပေးနေမှုကို လျှော့ချသွားရလိမ့်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ်က ဘရက်ဆဲလ်မြို့ နေတိုးအုပ်စု အစည်းအဝေးတွင် ပြောဆိုလိုက်သည်။

နေတိုးအဖွဲ့ဝင်တို့အနေဖြင့် ယင်းတို့၏ ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းအထိ ကာကွယ်ရေးအသုံးစရိတ်အဖြစ် တိုးမြင့်သုံးစွဲပေးသွားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်းဆိုလိုက်သည်ဟုလည်း မက်တစ်က ပြောဆိုသွားသည်။

" ဒါက တရားနည်းလမ်းကျပြီး မျှတတဲ့ တောင်းဆိုချက်ပါ၊  ဒီကမ္ဘာကြီးထဲမှာ ဒီလိုမျိုး အကောင်းဆုံး ကာကွယ်ရေးစနစ်ကနေ အကျိုးကျေးဇူးတွေ ခံစားနေရသူတွေအားလုံးအနေနဲ့ လိုအပ်ရင် လိုအပ်သလို ထည့်ဝင်ပေးရပါလိမ့်မယ်" ဟု ကာကွယ်ရေးဝန်ကြီး မက်တစ်က ဆိုသည်။

ဖေဖော်ဝါရီ ၁၄ ရက်က ထုတ်ပြန်ခဲ့သည့် ကိန်းဂဏာန်းများအရ ဥရောပမဟာမိတ်နိုင်ငံများနှင့် ကနေဒါတို့၏ စစ်အသုံးစရိတ် ၂၀၁၆ ခုနှစ်က ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်စ် စတောတန်ဘာ့ဂ်က ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags