ပြိုင်ပွဲအရပ်ရပ်တွင် နောက်တစ်ဆင့် တက်ပါက ဒုက္ခတွေ့မည်ဟု မန်ယူနည်းပြမော်ရင်ဟိုပြော

ပြိုင်ပွဲအရပ်ရပ်တွင် နောက်တစ်ဆင့် တက်ပါက ဒုက္ခတွေ့မည်ဟု မန်ယူနည်းပြမော်ရင်ဟိုပြော

ဖေဖော်ဝါရီ ၁၆၊ မန်ချက်စတာ။                    ။ မန်ချက်စတာယူနိုက်တက်အသင်းသည် ယူရိုပါလိဂ်နှင့် အက်ဖ်အေဖလားပြိုင်ပွဲတွင် နောက်အဆင့်များသို့ဆက်လက်တက်လှမ်း နိုင်ပါက ဧပြီနှင့်မေလတွင် ဒုက္ခရောက်လိမ့်မည်ဟု နည်းပြမော်ရင်ဟိုက ပြောသည်။

ရာသီကုန်ကာနီးတွင် ပွဲစဉ်များ တိုးပွဲလာမည်ကို မော်ရင်ဟိုက စိုးရိမ်ပူပန်နေခြင်းဖြစ်သည်။ ကြာသပတေးနေ့တွင် စိန့်အက်တီယန် နှင့် ယူရိုပါလိဂ်ပွဲစဉ်ရှိသည့် ယူနိုက်တက်သည် စနေနေ့တွင် ချန်ပီယံရှစ်ကလပ်ဘလက်ဘန်းနှင့် အက်ဖ်အေဖလားပဉ္စမအဆင့် ကစားရမည်ဖြစ်သည်။

“မန်ချက်စတာယူနိုက်တက်မှာ ပြိုင်ပွဲတွေကို ကျွန်တော်တို့ မရွေးချယ်နိုင်ပါဘူး”ဟု မော်ရင်ဟိုကဆိုသည်။ ယူနိုက်တက်သည် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ် ၂၅ ပွဲ၊ EFL ဖလားငါးပွဲ၊ အက်ဖ်အေဖလားနှစ်ပွဲ၊ စုစုပေါင်း ၃၈ ပွဲကစားထားသည်။

အကယ်၍ အက်ဖ်အေဖလားနှင့် ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲများသို့တက်ရောက်နိုင်ပါက အသင်းအနေဖြင့်အနည်းဆုံး ၆၅ ပွဲ ကစားရမည်ဖြစ်သည်။

“ကျွန်တော်တို့ အခြေအနေက တော်တော်လေး ရှုပ်ထွေးနေတာကို ကျွန်တော်တို့သိပါတယ်။ ယူရိုပါလိဂ်က ကြာသပတေးနေ့မှာ ကစားရတဲ့ပြိုင်ပွဲဖြစ်ပြီး ကျွန်တော်တို့ကို ပိုပြီးအခက်တွေ့စေပါတယ်။

အက်ဖ်အေဖလားပွဲတွေ၊ လိဂ်ဖလားပွဲတွေနဲ့ ရွှေ့ထားတဲ့ပွဲတွေကိုပါ ပေါင်းလိုက်ရင် ကျွန်တော်တို့အတွက် တကယ့်အကျပ် အတည်းပါပဲ။

ပြိုင်ပွဲတွေမှာ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားရင် ဧပြီနဲ့မေလမှာ ဒုက္ခရောက်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာပြိုင်ပွဲကို ရွေးချယ်ခွင့် မရှိလို့ ကစားရမှာပါပဲ”ဟု မော်ရင်ဟိုက ပြောသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly