ဓါးစာခံပြန် လွတ်နိုင်ဖို့အတွက် အဘူဆေယက်ဖ်အဖွဲ့ တောင်းတဲ့ ပြန်ရွေးငွေ မပေးလိုက်ဖို့ ဂျာမနီကို ဖိလစ်ပိုင်တောင်းဆို

ဓါးစာခံပြန် လွတ်နိုင်ဖို့အတွက် အဘူဆေယက်ဖ်အဖွဲ့ တောင်းတဲ့ ပြန်ရွေးငွေ မပေးလိုက်ဖို့ ဂျာမနီကို ဖိလစ်ပိုင်တောင်းဆို

ဖေဖော်ဝါရီ ၁၅ ။              ။ ထိန်းသိမ်းခံ ဓါးစားခံ ပြန်လည်လွတ်မြောက်ရေးအတွက် အဘူဆေယက်ဖ် စစ်သွေးကြွများ တောင်းနေသည့် ပြန်ရွေးငွေ မပေးမိရန် လိုကြောင်း ဖိလစ်ပိုင်က ဂျာမနီအစိုးရက တိုက်တွန်းလိုက်သည်။

ယခုအခါ ဖိလစ်ပိုင်မှ အဘူဆေယက်ဖ် စစ်သွေးကြွအုပ်စုက အသက် ၇၀ အရွယ် ဂျာမန်ဓါးစာခံတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ပြန်ရွေးငွေပေးမှ ပြန်လွှတ်ပေးမည်ဟု ဂျာမနီတို့ထံသို့   တောင်းဆိုပြောကြားထားသည်။

အကယ်၍ ယခုလကုန်အထိ တောင်းထားသည့် ပြန်ရွေးငွေ မပေးပါက ၎င်း ဓါးစာခံကို ခေါင်းဖြတ်သတ်ဖြတ်ပစ်မည်ဟုလည်း ယင်းစစ်သွေးကြွများက တစ်ဆက်တည်း ထုတ်ပြန်ခြိမ်းခြောက်ထားသည်။

ယင်းအခြေအနေတွင် ဂျာမနီ အာဏာပိုင်များအနေဖြင့် စစ်သွေးကြွများ၏ တောင်းဆိုချက် အလိုဆန္ဒကို ပြေငြိမ်း လိုက်လျောသွားခြင်းမျိုး မပြုရန်လိုကြောင်း ဖိလစ်ပိုင် စစ်တပ်က ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ပြန်တိုက်တွန်းသွားခဲ့သည်။

အဘူဆေယက်ဖ် အကြမ်းဖက်အုပ်စ်မှာ ဖိလစ်ပိုင် အနောက်တောင်ပိုင်း ဝေးလံသော ကျွန်းစုများတစ်ဝိုက်တွင် အခြေချလှုပ်ရှားနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မကြာခဏဆိုသလို ထိုကဲ့သို့ ဓါးစာခံဖမ်းဆီးထိန်းသိမ်းမှု၊ ဗုံးဖောက်ခွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ခြိမ်းခြောက်ငွေညစ်ခြင်း စသည့်လုပ်ရပ်များကို လုပ်ဆောင်ထားသည့် မှတ်တမ်းများ ရှိနေခဲ့သည်။

ယင်းအဖွဲ့မှာ ယခင်ကလည်း ကနေဒါ ဓါးစာခံများကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြန်ရွေးငွေ မရသဖြင့် ခေါင်းဖြတ်သတ်ဖြတ်ပစ်ခဲ့သည်ဟုလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly