အိန္ဒိယနိုင်ငံ တမီလ်နာဒူး ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လျာထားခံရသူ ခြစားမှုဖြင့် ထောင်လေးနှစ် ချမှတ်ခံရ

အိန္ဒိယနိုင်ငံ တမီလ်နာဒူး ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လျာထားခံရသူ ခြစားမှုဖြင့် ထောင်လေးနှစ် ချမှတ်ခံရ

ဖေဖော်ဝါရီ ၁၄ ။                    ။ တမီလ်နာဒူး ပြည်နယ် ဝန်ကြီးချုပ် အဖြစ်လျာထားခံရသူ တစ်ဦးကို အကျင့်ပျက် ခြစားမှုဖြင့် အိန္ဒိယတရားလွှတ်တော်ချုပ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် ထောင်လေးနှစ်ချမှတ်လိုက်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လျာထားခံရသူ VK Sasikala မှာ ဒီဇင်ဘာလက ကွယ်လွန်သွားခဲ့သော ယခင်ဝန်ကြီးချုပ်ဟောင်း Jayalalithaa Jayaram နှင့်ပတ်သက်နေသော အမှုတစ်ခုတွင် ပါဝင်ပတ်သက်နေပြီး သင့်တော်ခြင်းမရှိသည့် ပိုင်ဆိုင်မှုများကို ပိုင်ဆိုင်နေကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

နယူးဒေလီ တရားရုံးတွင် စီရင်ချက်ချမှတ်မှုတွင် Sasikala တက်ရောက်လာခြင်းမရှိသော်လည်း သူမအနေနဲ့ ပြစ်ဒဏ်ကို ခံယူရန် ရဲဌာနသို့ ကိုယ်တိုင်အဖမ်းခံရမည်ဖြစ်ကြောင်း တရားရုံးက စီရင်ညွှန်ကြားလိုက်သည်။

ယင်းအပြင် သူမ၏ တူနှင့်တူမဖြစ်သူတို့အားလုံးလည်း ခြစားမှုတွင်ပါဝင်ပတ်သက်မှုဖြင့် ထောင်လေးနှစ်စီ အသီးသီးချမှတ်ခဲ့သေးသည်။

Sasikala မှာ လစ်လပ်နေသော ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လျာထားခြင်းခံရသူဖြစ်ပြီး လာမည့်သီတင်းပတ်အတွင်းမှာပင် တရားဝင် ကျမ်းကျိန်မည့် အစီအစဉ်လည်း ရှိနေခဲ့သူလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly