မောင်တောခရိုင်မှ ငါးဖမ်းလှေ ၄၀၀ မှတ်ပုံတင်ထုတ်ပေးရန် ကျန်ရှိနေသေး

မောင်တောခရိုင်မှ ငါးဖမ်းလှေ ၄၀၀ မှတ်ပုံတင်ထုတ်ပေးရန် ကျန်ရှိနေသေး

စစ်တွေ၊ ဖေဖေါ်ဝါရီ ၁၄ ရက်။          ။ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောဒေသအတွင်း ပင်လယ်ပြင်လုံခြုံရေးအတွက် ငါးဖမ်းလှေများအား တရားဝင်မှတ်ပုံတင်များ ထုတ်ပေးလျက်ရှိရာတွင်   လှေစီးရေ ၄၀၀ ခန့်မှာ ကျန်ရှိနေဆဲဖြစ်ကြောင်း မောင်တောခရိုင်ငါးဖမ်းလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

“ မှတ်ပုံတင်ထုတ်ပေးတာ၊ တရားဝင် စီစစ်တာတွေက မောင်တောတောင်ပိုင်းဘက်မှာတော့ အကုန်ပြီးနေပါပြီ။ ကျန်တာက မြောက်ဘက်ပိုင်းပဲ ဖြစ်ပါတယ်” ဟု မောင်တောခရိုင်၊ ငါးဖမ်းလုပ်ငန်း ဦးစီးမှူး ဒုတိယ ညွန်ကြားရေးမှူး ဥိးနိုင်ဝင်းသိန်းက ပြောသည်။

အဆိုပါ စက်လှေများကို ဇန်နဝါရီ ၂၁ ရက်နေ့မှ စတင်ကာ ထုတ်ပေးနေခြင်းပြီး စုစုပေါင်း စက်လှေ ၁၆၀၀ တွင် ၁၂၀၀ စီးမှာ မှတ်ပုံတင် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

လိုင်စင်ထုတ်ပေးထားသည့် ငါးဖမ်းလှေများအား ပင်လယ်ပြင်သို့ မထွက်မီ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ အပါအဝင် သက်ဆိုင်ရာဌာနများမှ မှတ်ပုံတင်အချက်အလက်များကို စစ်ဆေးပြီး ခိုင်လုံမှု ရှိမှ ပင်လယ်ပြင်သို့ ဝင်ထွက်ခွင့်ပြုနေခြင်းလည်း ဖြစ်သည်။

မှတ်ပုံတင်ထုတ်ပေးထားသည့် ငါးဖမ်းလှေများတွင် အဏုမြူအစိမ်းရောင် ဆေးသုတ်ထားပြီး၊ ကြက်လျှာစွန်း အဝါရောင်အလံ ပါဝင်ကာ နှစ်နိုင်ငံနယ်စပ် ပင်လယ်ပြင်အတွင်း မြန်မာနိုင်ငံအလံကို အမြဲလွှင့်ထူရန် စသည့် စည်းကမ်းများ သတ်မှတ်ထားရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly