မောင်တောတွင် ပိုင်ရှင်မဲ့စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းခန့် ဖမ်းဆီးရမိ

မောင်တောတွင် ပိုင်ရှင်မဲ့စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းခန့် ဖမ်းဆီးရမိ
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဖေဖော်ဝါရီ ၁၃ ။           ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နတ်မြစ်အတွင်း၌ ဖေဖော်ဝါရီ ၁၂ ရက် ည ၁၀ နာရီခွဲခန့်တွင် စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက် တစ်သိန်းခန့် ဖမ်းမိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်သည်။

မောင်တောမြို့၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ ကမ်းစပ်အနီးရှိ လှေ ၁ စင်းအား တပ်မတော်ရေမှ သွားရောက်စစ်ဆေးရာ လှေပေါ်မှ ဆာလာအိတ်ဖြင့်ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀၀ပြား ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၉၅၀ ခန့်) ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

အဆိုပါ သိမ်းဆည်းရမိလှေနှင့် မူးယစ်ဆေးဝါးများအား မောင်တောမြို့ရှိ မူးယစ်တပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly