တိုင်ပေ၌ ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်၍ ၃၂ ဦးသေဆုံး

တိုင်ပေ၌ ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်၍ ၃၂ ဦးသေဆုံး

တိုင်ပေ၊ ဖေဖော်ဝါရီ ၁၄ ။             ။ တိုင်ပေ၌ ဖေဖော်ဝါရီ ၁၃ ရက်ညက ခရီးသည်တင်ကားတစ်စီး လမ်းဘေး အရံအတားတွေကို ဝင်တိုက်ရာက တိမ်းမှောက်ပြီး အနည်းဆုံးလူ ၃၂ ဦးသေဆုံးပါတယ်။

ကားပေါ်မှာ စုစုပေါင်း ၄၄ ဦး လိုက်ပါလာတာဖြစ်ပြီး လူ ၃၀ က နေရာမှာတင် သေဆုံးခြင်းဖြစ်ပါတယ်။ ကျန်နှစ်ဦးက ဆေးရုံပေါ်မှာ သေဆုံးတာဖြစ်ကြောင်း မီးသတ်ဌာနက ဆိုပါတယ်။ အသက်ရှင်ရစ်သူ ၁၂ ဦးကိုလည်း မြို့က ဆေးရုံတွေမှာ ကုသနေရပါတယ်။

ခရီးသည်များက အသက် ၂၀ ကနေ ၆၀ ကြားရှိကြပြီး အသက်ကြီးသူက အများစုဖြစ်တယ်လို့ မြို့အာဏာပိုင်တွေက ဆိုပါတယ်။

ခရီးသွားအေဂျင်စီ Tieh Lien Hua Travel Agency က စီစဉ်တဲ့ ခုခရီးမှာ ကားတိမ်းမှောက်မှုဖြစ်တာလို့ တိုင်ဝမ်ခရီးသွားလုပ်ငန်းဗျူရိုက ထုတ်ပြန်ပါတယ်။

ကားပေါ်ပါတဲ့ ခရီးသွားအများစုဟာ ထိုင်ဝမ်က ဖြစ်ပုံရသော်လည်း ခရီးသည်တွေရဲ့ အချက်အလက်နဲ့ပတ်သက်ပြီး စစ်ဆေးနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“ကျွန်တော်တို့ အရေးပေါ်တုံ့ပြန်မှုနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပြီး အကူအညီပေးနေပါတယ်။”ဟု တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို ဖုန်းကတစ်ဆင့် ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags