အိန္ဒိယတက်ကြွလှုပ်ရှားသူရဲ့ ခိုးယူခံရတဲ့ နိုဘယ်ဆု ပြန်လည်ရရှိ

အိန္ဒိယတက်ကြွလှုပ်ရှားသူရဲ့ ခိုးယူခံရတဲ့ နိုဘယ်ဆု ပြန်လည်ရရှိ

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၃ ။            ။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှ ကလေးသူငယ်အရေး တက်ကြွလှုပ်ရှားသူ ကိုင်လစ်ရှ်ဆတ်ယာသီရဲ့ ခိုးယူခံရတဲ့ နိုဘယ်ဆုတံဆိပ်ပုံစံတူကို   ပြန်လည်ရရှိပြီဖြစ်ကြောင်း ရဲက ပြောပါတယ်။

ပြန်လည်ရရှိတဲ့ ပစ္စည်းတွေမှာ နိုဘယ်ဆုမှတ်တမ်းအပြင် လက်ဝတ်လက်စားတွေနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေလည်း ပြန်လည်ရရှိခြင်းဖြစ်ပါတယ်။

ထိုပစ္စည်းတွေ ပျောက်ရှခဲ့မှုအတွက် လူသုံးဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဆတ်ယာသီဟာ နိုဘယ်ငြိမ်းချမ်းရေးဆုကို ၂၀၁၄ ခုနှစ်အတွင်းက ချီးမြှင့်ခံရတာပါ။ အိန္ဒိယနိုင်ငံအတွင်းမှာ ကလေးအလုပ်သမားနဲ့ ကလေးမှောင်ခိုကူးမှု တိုက်ဖျက်ရေးတွေ လုပ်ဆောင်တာကြောင့် နိုဘယ်ဆုချီးမြှင့်ခံရခြင်းဖြစ်ပါတယ်။

ဆတ်ယာသီရဲ့ နိုဘယ်ဆုဟာ ပါကစ္စတန်က အမျိုးသမီးပညာရေးနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူ မာလာလာနဲ့အတူ ပူးတွဲချီးမြှင့်ခံရတာလည်းဖြစ်ပါတယ်။

“ဒီကြီးကျယ်တဲ့ နိုင်ငံအတွင်းက အစိုးရရယ်၊ ရဲရယ်၊ ပြည်သူတွေရယ်ကို ကျွန်တော်က လုံးလုံးယုံကြည်ထားတယ်။”လို့ ၎င်းက အိန္ဒိယတူဒေးသတင်းဌာနကို ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly